ကိဗ်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံက ကီလိုမီတာ ၁၀၀ အကွာအဝေးရှိ လေကြောင်းရန်များကို ကြားဖြတ်နိုင်စွမ်းရှိသော လေကြောင်းရန်ကာကွယ်ရေးစနစ်များ ထုတ်လုပ်ရန် အစီအစဉ်များချမှတ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ အစိုးရပိုင် Ukrinform သတင်းအေဂျင်စီက ဒီဇင်ဘာ ၁ ရက်၌ သတင်းဖော်ပြထားကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျား ကွယ်လွန်ခြင်းအတွက် ကြေကွဲဝမ်းနည်းကြောင်း သဝဏ်လွှာကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ထံ နိုဝင်ဘာ ၃၀ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ တက်ကြွမှု၊ ပွင့်လင်းမှုနှင့် ဆန်းသစ်မှုအရှိဆုံးမြို့အစုအဝေးအနက် တစ်ခုဖြစ်သော ယန်ဇီမြစ်ဝှမ်းဒေသသည် အဓိကအကျိုးကျေးဇူးများ ရရှိခံစားလျက်ရှိသလို စုပေါင်းဖွံ့ဖြိုးတိုးတက်မှုမှ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၏ ဦးဆောင်လမ်းပြအဖြစ်သို့ တိုးတက်ပြောင်းလဲလာခဲ့ကြောင်း၊ ယင်းဒေသကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံ၏ မဟာဗျူဟာအဖြစ် လွန်ခဲ့သောငါးနှစ်အကြာက အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။
ဂျေရုဆလမ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ဟားမက်စ်က ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးဓားစာခံ နောက်ထပ် ၆ ဦးကို နိုဝင်ဘာ ၃၀ ရက်က လွှတ်ပေးခဲ့ကြောင်း၊ ယင်းနေ့အစောပိုင်းကလည်း အမျိုးသမီး ဓားစာခံနှစ်ဦး လွှတ်ပေးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောကြားခဲ့သည်။
ဗီယင်နာ ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ကမ္ဘာ့ရေနံ အဓိက ထုတ်လုပ်တင်ပို့ရောင်းချသည့် နိုင်ငံများ အဖွဲ့အစည်းဖြစ်သည့် (OPEC) ၏ အတွင်းရေးမှူးချုပ်ရုံးက နိုဝင်ဘာ ၃၀ ရက်တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။ အထက်ပါ ထုတ်ပြန်ကြေညာချက်တွင် OPEC အဖွဲ့ဝင် နိုင်ငံများနှင့် OPEC...