ယူနန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) တိရစ္ဆာန်ရုံရှိ ချစ်စရာကောင်းသော ခွေးတူဝက်တူလေးတစ်ကောင်သည် ဝဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ကြောင့် ကိုယ်တိုင်တူးထားသည့် တွင်းထဲကို မဝင်နိုင်ဖြစ်နေသည်။ ဆောင်းဦးလယ် လမုန့်ပွဲတော်ကာလအတွင်း တရုတ်နိုင်ငံ၊ ယူနန်တောရိုင်းတိရစ္ဆာန်ဥယျာဉ်ရှိ ခွေးတူဝက်တူလေးတစ်ကောင်က အလွန်အကျွံစားသောက်ပြီး ဗိုက်ပြည့်ဖောင်းနေခြင်းကြောင့် ၎င်းကိုယ်တိုင် တူးထားသောတွင်းကို ပြန်မဝင်နိုင်တော့ဘဲ ဂူဝင်ပေါက်၌ ပိတ်မိနေရာ အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း...
နိုင်ရိုဘီ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံတွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော နိုင်ရိုဘီအမြန်လမ်းမကြီးသည် ၂၀၂၄ ခုနှစ် Afrika Mashariki သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဆုပေးပွဲတွင် “သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ နည်းပညာဆိုင်ရာ အကောင်းဆုံးဆန်းသစ်တီထွင်မှု” ဆုအမျိုးအစားအတွက် အဆိုပြုခံခဲ့ရကြောင်း စက်တင်ဘာ ၁၈ ရက် ထုတ်ပြန်ကြေညာချက်အရ သိရသည်။ “နိုင်ရိုဘီအမြန်လမ်းမကြီးဟာ...
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂,၅၇၇ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၅,၂၁၃,၀၄၄ ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၁၉.၉.၂၀၂၄ ) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ (Xinhua)
ရန်ကုန် ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရေဘေးသင့်ပြည်သူများအား ကူညီလှူဒါန်းနိုင်အတွက် မြန်မာနိုင်ငံ ရန်ကုန်မြို့မြေနီကုန်း ခုံးကျော်တံတား အောက်၌ တေးသီချင်း ဖျော်ဖြေတင်ဆက်မှုများဖြင့် ရန်ပုံငွေဂီတဖျော်ဖြေပွဲပြုလုပ်နေပုံတချို့အား ရိုက်ကူးထားခြင်း ဖြစ်ပါသည်။ (Xinhua)
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်း၌ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့နယ် ၅၆ မြို့နယ်တွင် လူ ၂၆၈ ဦး သေဆုံးပြီး ၈၈ ဦးပျောက်ဆုံးနေကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ယနေ့ (စက်တင်ဘာ ၁၈ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော...