ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ မြဝတီမြို့၊ အာရှလမ်းမပေါ်တွင် နိုဝင်ဘာ ၆ ရက်က တွဲကားနှင့် မော်တော်ဆိုင်ကယ် မတော်တဆတိုက်မိမှုဖြစ်ပွားခဲ့ပြီး တွဲကားတိမ်းမှောက်၍ မော်တော်ဆိုင်ကယ် စီးနင်းလာသည့် လူငယ် (၂) ဦး သေဆုံးခဲ့ကြောင်း မြဝတီမြို့ မဲကနယ်လူမှုကယ်ဆယ်ရေး ပရဟိတအသင်းမှ တာဝန်ရှိသူ ကိုအာကာက...
ထရီပိုလီ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ တရားမဝင်ရွှေ့ပြောင်းသွားလာမှုထိန်းချုပ်ရေးဌာနက အီဂျစ်နိုင်ငံသားတရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၆၀၀ ကျော်ကို နိုဝင်ဘာ ၆ ရက်က ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။ “ဒီနေ့မှာ လစ်ဗျားနိုင်ငံကို တရားဝင်အထောက်အထား ဘာမှမရှိဘဲ ဝင်ရောက်လာတဲ့ အီဂျစ်နိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူ ၆၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်”ဟု လစ်ဗျားနိုင်ငံ...
ပေကျင်း၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် နိုဝင်ဘာ ၆ ရက်က ညဘက်အပူချိန်သည် သုညဒီဂရီစင်တီဂရိတ်အထိ ကျဆင်းခြင်းဖြင့် ဆောင်းရာသီစတင်ဝင်ရောက်ချိန်မှာ ပုံမှန်ထက် သီတင်းပတ်တစ်ပတ် ပိုစောခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသတစ်ခွင် နိုဝင်ဘာ ၅ ရက်မှစ၍ လေပြင်းများနှင့်...
ရှန်ဟိုင်း၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကို နိုဝင်ဘာ ၅ ရက်က ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ခဲ့ပြီး သွင်းကုန်များ မြှင့်တင်ခြင်းနှင့် တံခါးဖွင့်ဝါဒ ဆောင်ရွက်မှုများစွာအကြား နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ဈေးကွက်ဝင်ရောက်မှု ဖြေလျှော့ရေးဆိုင်ရာ ကတိကဝတ်အသစ်များ ပေးအပ်ခဲ့သည်။ ကိုဗစ်-၁၉...
ဖနွမ်းပင်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ထားသော ဖနွမ်းပင်- Sihanoukville အဝေးပြေးလမ်းမသည် ပင်မစီးပွားရေးလမ်းကြောင်းသစ်ဖြစ်လာကာ ကမ္ဘောဒီးယားနိုင်ငံရှိ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးတိုးတက်မှုကို သိသိသာသာ မြှင့်တင်ပေးမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်က နိုဝင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ အဝေးပြေးလမ်းသည် ခရီးသည်များအတွက်...