ဟေးလုံကျန်း၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) နှစ်သက်ကြည်နူးဖွယ်ကောင်းသော နွေလယ်ကာလရှုခင်းတချို့ကို ကြည့်ရှုခံစားကြည့်ကြပါစို့။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း သဘာဝဘေးမဲ့တောတစ်ခု၌ စီကာသမင်များက စိမ်းလန်းစိုပြည်သောသဘာဝမြေမှာ လွတ်လပ်စွာ သွားလာကျက်စားနေကြသည်ကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။ (Xinhua) ……………………. (English Version) Enchanting sika deer in national...
ယူနန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တရားဥပဒေစိုးမိုးရေး ကင်းလှည့်ရေယာဉ်သည် ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟား၊ ကွမ်းလော်ဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့ပြီး ၁၄၂ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်ဝှမ်း တရားဥပဒေစိုးမိုးရေး ပူးတွဲကင်းလှည့်မှု အောင်မြင်စွာ ပြီးဆုံးကြောင်း ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန သတင်းနှင့်ပြန်ကြားရေးရုံး၏...
ကိယက်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂအဖွဲ့၏ စစ်ရေးအကူအညီပေးရေးအစီအစဉ်အရ ယူကရိန်းစစ်သည် ၅၂,၀၀၀ ကျော်အား ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများက လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း ယူကရိန်းနိုင်ငံပိုင် Ukinform သတင်းအေဂျင်စီက ဇွန် ၂၁ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါလေ့ကျင့် သင်ကြားရေးအစီအစဉ်တွင် ယူကရိန်းတပ်မတော်မှ အရာရှိများနှင့် အခြားအဆင့်စစ်သည်များပါဝင်ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက...
အန်ကာရာ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) တူကီယဲနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဖြစ်ပွားသည့် တောမီးလောင်ကျွမ်းမှုများအတွင်း သေဆုံးသူဦးရေမှာ ၁၁ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးက ဇွန် ၂၁ ရက်တွင်ပြောသည်။ တောမီးလောင်ကျွမ်းမှုများသည် ဒီယာဘာကီယာပြည်နယ် ဆီနာခရိုင်နှင့် မာဒင်ပြည်နယ် မာဇီဒါဂီခရိုင်တို့တွင် ဇွန်လ ၂၀ ရက် ညပိုင်းမှစတင်ဖြစ်ပွားခြင်းဖြစ်ပြီး...
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက မြို့ပြနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် ကျဉ်းမြောင်းစေရန် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ခေတ်မီစံပြကျေးရွာ ၄၀ ရွာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ဇာနည်မင်းက ဆင်ဟွာကို ပြောကြားခဲ့သည်။ “မြို့ပြမှာရနေတဲ့...