ပြုံယမ်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) သည် စက်တင်ဘာ ၃၀ ရက်က အသစ်တီထွင်ထုတ်လုပ်ထားသော လေယာဉ်ပစ်ဒုံးကျည်တစ်မျိုးကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ယနေ့အောက်တိုဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။
ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီသည် စက်တင်ဘာ ၃၀ ရက်က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ၇၂ နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း ဂုဏ်ပြု ဧည့်ခံပွဲ အခမ်းအနားတစ်ခုကို ကျင်းပခဲ့သည်။
ရှန်ဟိုင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ကျင်းပမည့် ၄ကြိမ်မြောက်တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ တွင်ပြသမည့် ပထမဆုံးပြိုင်ကားတစ်စင်းရှန်ဟိုင်းမြို့သို့ရောက်ရှိလာပြီဖြစ်ကြောင်းသိရသည်။ ယူရို ၇၀,၀၀၀ တန်ကြေးရှိအဆိုပါပြိုင်ကားမှာ Michelin မှ ထုတ်လုပ်ထားပြီး ဟိုက်ဒရိုဂျင်စွမ်းအင်အသုံးပြုမောင်းနှင်နိုင်မည်ဖြစ်သည်။ ၄ကြိမ်မြောက်တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ ကို လာမည့်နိုဝင်ဘာလတွင်တရုတ်နိုင်ငံ၌ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua) ……………………… (English Version) GLOBALink |...