ရာကျန်း၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ကန်းကျဲ(တိဗက်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရာလုံကျန်းမြစ်ပေါ်ရှိ လျန်ဟဲခို ရေအားလျှပ်စစ်စီမံကိန်းသည် ဗုဒ္ဓဟူးနေ့တွင် ဓါတ်အားထုတ်လုပ်လည်ပတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အထက် ၃,၀၀၀ မီတာရှိသည့် ယင်းစီမံကိန်းသည် တရုတ်နိုင်ငံတွင် အမြင့်ဆုံးနေရာ၌ရှိသည့် ရေအားလျှပ်စစ်စက်ရုံများအနက် တစ်ခုဖြစ်သည်။
ကဘူးလ် ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက လှူဒါန်းသည့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်း အသုတ်တစ်သုတ်သည် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရောက်ရှိလာခဲ့ပြီး အာဖဂန်ဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံ အနိုင်ရအဖွဲ့သစ်နှင့် နှစ်နိုင်ငံကြား နိုင်ငံရေးသဘောတူညီချက် လေးရပ်တွင် စည်းမျဉ်းများချမှတ်ရေး စောင့်ကြည့်ရေး၊ အပြန်အလှန် အကျိုးကျေးဇူးရှိပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး မှန်ကန်သော လမ်းကြောင်းတစ်လျှောက် နှစ်နိုင်ငံဆက်ဆံရေး အားကောင်း၍ တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး လုပ်ဆောင်သွားရန်...
အယ်လ်ဂျီးယား၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်း Constantine ပြည်နယ်တွင် တည်ရှိပြီး တရုတ်နိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်သော Sinovac COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုကို စက်တင်ဘာ ၂၉ ရက်က စတင်ပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဗြိတိန်က ယခုနှစ် နှစ်ကုန်ပိုင်းတွင် အီတလီ၊ ဆွီဒင်နှင့်သဘောတူမှုစာချုပ် ချုပ်ဆိုရန်ရှိရာ ဗြိတိန်က ဦးဆောင်သည့် မျိုးဆက်သစ် တိုက်လေယာဉ်”Tempest” ပူးပေါင်းတီထွင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၊ ဂျပန်နှင့်သက်ဆိုင်ရာဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ဗြိတိန်လေကြောင်း အာကာသစနစ် ကုမ္ပဏီ(BAE)က စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။