ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်သည် BRICS New Development Bank (NDB) ၏ ပထမဆုံးအဖွဲ့ဝင်နိုင်ငံသစ်ဖြစ်လာခဲ့ကြောင်း ၎င်းဘဏ် ဥက္ကဋ္ဌ Marcos Troyjo က စက်တင်ဘာ ၂၈ ရက်တွင်ပြောခဲ့သည်။
ကဘူးလ် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) အာဖဂန်အစိုးရတာဝန်ရှိသူများက အာဖဂန်ပိုက်နက် ဝေဟင်အပေါ် မောင်းသူမဲ့ဒရုန်းဖြင့် ကင်းလှည့်ခြင်းအား ရပ်တန့်ရန် အမေရိကန်နိုင်ငံအား တိုက်တွန်းခဲ့ကြောင်း နိုင်ငံပိုင် Bakhtar သတင်းအေဂျင်စီက စက်တင်ဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell နှင့်အတူ ၁၁ ကြိမ်မြောက် အဆင့်မြင့်ကိုယ်စားလှယ်အဆင့် မဟာဗျူဟာမြောက် ဆွေးနွေးပွဲအား စက်တင်ဘာ ၂၈ ရက်၌...
ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ စီးပွားရေးအချက်အချာဖြစ်သည့် ရှန်ဟိုင်းတွင် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့သို့ သွားရောက်သည့် ကုန်ရထားဝန်ဆောင်မှုကို အင်္ဂါနေ့တွင် စတင်ခဲ့ရာ ရှန်ဟိုင်း-ဥရောပ နယ်စပ်ဖြတ်ကျော် ပထမဆုံး ရထားဝန်ဆောင်မှုစတင်သည့် အမှတ်သင်္ကေတ ဖြစ်ခဲ့သည်။
မော်စကို ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) ရုရှားတိုက်လေယာဉ်တစ်စင်းက စက်တင်ဘာ ၂၈ ရက်တွင် ပင်လယ်နက်ပေါ် ပျံသန်းနေသည့် အမေရိကန်ကင်းထောက်လေယာဉ်တစ်စင်းအား အတူလိုက်ပါစောင့်ကြည့်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။