မနီလာ၊ ၂၀ ရက် (ဆင်ဟွာ) ကမ္ဘာ့လက်ဝှေ့ချန်ပီယံနှင့် ဖိလစ်ပိုင်နိုင်ငံ ဆီးနိတ်လွှတ်တော်အမတ် မန်နီ ပတ်ကွီယို (Manny Pacquiao) က ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်တွင် ကြေညာလိုက်သည်။
ပါရီ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) ပြင်သစ်နှင့်ချုပ်ဆိုထားသည့် ရေငုပ်သင်္ဘောစာချုပ်ကို ဩစတြေးလျဖက်က ချိုးဖျက်ပြီး အမေရိကန်၊ ဗြိတိန်တို့နှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ခဲ့ကြောင်း ၊ ၎င်းသည် ပြင်သစ်မဟာမိတ်များ၏ “လိမ်ညာမှု”၊ “အပြင်ပန်းနှင်စိတ်ရင်း ထပ်တူမကျမှု”ကို ထင်ဟပ်နေရာ ဆိုးဝါးသည့် အန္တရာယ်အကျပ်အတည်းတစ်ခုဖြစ်စေကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က...
ကဘူးလ် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) စက်တင်ဘာ ၁၉ ရက်သည် အာဖဂန်နစ္စတန်နိုင်ငံ၌ အလယ်တန်း နှင့် အထက်တန်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့် ဒုတိယမြောက်နေ့ ဖြစ်သည်။
မက်ဒရစ်၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) စပိန်နိုင်ငံ၏ ခရီးသွားအပန်းဖြေနေရာ La Palmaကျွန်းတွင် စက်တင်ဘာ ၁၉ ရက်က မီးတောင် ပေါက်ကွဲမှု ဖြစ်ပွားရာ လူပေါင်း ၅,၀၀၀ ကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
ကွေ့ယန် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်အတွင်းရှိ မြစ်တစ်စင်းထဲတွင် ခရီးသည်တင်သင်္ဘောတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီအထိ သေဆုံးသူ ၉ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။ ယင်းမတော်တဆမှုသည် Liupanshui မြို့...