ပြုံးယမ်း ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK)က ကီလိုမီတာ ၈၀၀ ဝေးသော ပစ်မှတ်နေရာကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် စက်တင်ဘာ ၁၅ ရက်တွင် ရထားပေါ်မှ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက စက်တင်ဘာ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။
လန်ဒန်၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ကြေညာခဲ့ရာ နိုင်ငံခြားရေး၊ တရားစီရင်ရေး၊ ပညာရေးနှင့် အိမ်ရာဝန်ကြီးစသည့်နေရာများကို အပြောင်းအလဲပြုလုပ်ခဲ့သည်။
ဂျေရုဆလင်၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) အစ္စရေးနှင့်ဥရောပသမဂ္ဂ (အီးယူ) တို့သည် COVID-19 ကာကွယ်ဆေး လက်မှတ်များ နှစ်ဖက် အပြန်အလှန်အသိအမှတ်ပြုရန် စက်တင်ဘာ ၁၅ ရက် ကသဘောတူခဲ့ကြကြောင်း အစ္စရေးနိုင်ငံ၏ ကျန်းမာရေးဝန်ကြီး Nitzan Horowitz ပြောသည်။
ဆန်တီရာဂို၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) ချီလီနိုင်ငံသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသော နိုင်ငံခြားသားများအား ကပ်ရောဂါဖြေလျှော့မှုအဖြစ် အောက်တိုဘာ ၁ ရက်မှစတင်၍ နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း အစိုးရက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ကဘူးလ် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံသည် နိုင်ငံအား ကာကွယ်ရန်အတွက် မကြာမီကာလတွင် အမြဲတမ်းစစ်တပ် ရှိလာလိမ့်မည်ဟု တာလီဘန် စစ်ဦးစီးချုပ် Qari Fasihuddin က ပြောကြားခဲ့သည်။