ဘဲလ်ဂရိတ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဥရောပတိုက်တွင် ပထမဆုံးအဖြစ် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး ထုတ်လုပ်ရေးစက်ရုံကို ဆာဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့ တွင် စက်တင်ဘာ ၉ ရက်မှ စတင်ကာ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ကျန်းကျိုး ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်တပ်မတော်က စီစဉ်ကျင်းပသည့် “ကံကြမ္မာအကျိုးတူဖော်ဆောင်ခြင်း-၂၀၂၁” ဟု အမည်ရသော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု စစ်ရေးလေ့ကျင့်ခြင်းသည် စက်တင်ဘာ ၁၅ ရက်တွင် တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် Queshan ကောင်တီရှိ လေ့ကျင့်ရေးစခန်း၌ ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။
ဆိုးလ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံသည် အမျိုးအမည်မသိ ပဲ့ထိန်းဒုံးကျည်နှစ်စင်းအား အရှေ့ပင်လယ်ပြင်အတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က စက်တင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။
အူလန်ဘာတာ ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံ၌ အိမ်မွေးကြောင်နှစ်ကောင်တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း တိရစ္ဆာန်ကူးစက်ရောဂါများအတွက် အမျိုးသားစင်တာက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နန်နင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဆွေးနွေးဖက်နိုင်ငံဆက်ဆံရေး ထူထောင်ခဲ့သော လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ အကြာကတည်းက တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် နယ်ပယ်စုံတွင် အကျိုးအမြတ်ရှိသော ရလဒ်များဖြင့် ချိတ်ဆက်လက်တွဲလျက် ရှေ့ဆက်လာခဲ့ရာ အာရှ-ပစိဖိတ်ဒေသတွင် ပူးပေါင်းဆောင်ရွက်မှု၏ တက်ကြွမှုအရှိဆုံး စံပြပုံစံဖြစ်လာခဲ့သည်။