ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ပြည်တွင်းဒေါ်လာဈေးနှင့် ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေးသည် တစ်ကျပ်သားလျှင် ၁,၈၀၀,၀၀၀ကျပ် မှ ၁,၈၅၀,၀၀၀ ကျပ်အထိ တစ်ရက်အတွင်း ၅၀,၀၀၀ကျပ် မြင့်တက်ခဲ့ကြောင်း နှင့် ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ က ဆင်ဟွာသို့ စက်တင်ဘာ ၁၀ ရက်တွင်...
နယူးယောက်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတစ်ဝန်း ဒယ်လ်တာ မျိုးဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသည့် ကလေးငယ်အရေအတွက် မြင့်မားလာကြောင်း၊ စာသင်နှစ် စတင်ပြီဖြစ်သဖြင့် ဆရာဝန်များ စိုးရိမ်မှုဖြစ်ပေါ်စေခဲ့ကြောင်း မကြာသေးမီက ထုတ်လွှင့်သော CNN သတင်းအရ သိရသည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်အရေးကိစ္စနှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် စက်တင်ဘာ ၉ ရက်က တံခါးဖွင့်ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှီးအန်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် Jingbian ကောင်တီရှိ မောင်းသူမဲ့လေယာဉ်များ (ဒရုန်း)အတွက် ပထမဆုံး ပညာရပ်ဆိုင်ရာစမ်းသပ်မှု အခြေစိုက်စခန်းသည်လုပ်ငန်းတာဝန်များ စတင်ထမ်းဆောင်နေပြီဖြစ်ကာ နိုင်ငံ၏ UAV လုပ်ငန်းကွင်းဆက်၌ လစ်ဟာမှုကို ဖြည့်တင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ ကွန်ပြူတာများ၂၀၂၁ ခုနှစ် ဧပြီလတွင် ဆိုက်ဘာတိုက်ခိုက်ခံရကြောင်း Bloomberg သတင်းဌာန၏ ရေးသားဖော်ပြချက်ကို စက်တင်ဘာ ၉ ရက်တွင် ကုလသမဂ္ဂက အတည်ပြုခဲ့သည်။