ပေကျင်း၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က (၁၈)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြုပ်နှံမှုထိပ်သီးအစည်းအဝေးသို့ စက်တင်ဘာ ၁၀ ရက်က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
မနီလာ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် စက်တင်ဘာ ၆ ရက်မှစ၍ အားကောင်းသော မုန်တိုင်းကြောင့် လူ ၃ ဦးထက်မနည်းသေဆုံးပြီး ၃၁ ဦး ပျောက်ဆုံးနေကြောင်း အစိုးရအေဂျင်စီက စက်တင်ဘာ ၉ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် စက်တင်ဘာ ၉ ရက်တွင် ပြုလုပ်သော ၁၃ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကို ဗီဒီယိုလင့်မှတစ်ဆင့် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး BRICS လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုအတွက် အဆိုပြုချက် ၅ ရပ်ကို တင်သွင်းခဲ့ကြောင်း သိရသည်။
အစ္စလာမာဘတ်၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်တလျှောက်နေထိုင်ကြသည့်ပြည်သူများသည် ငြိမ်းချမ်းရေးကိုသာ လိုလားကြပြီး ပြည်ပ စွက်ဖက်မှုများအားအလိုမရှိကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများကိုသာလိုလားကြပြီးတည်ငြိမ်းအေးချမ်းသည့်ဘဝမျိုး၌ပင်နေထိုင်လိုကြောင်း ဆင်ဟွာသတင်းဌာနအားပြောကြားခဲ့ကြသည်။ (Xinhua) ………………………… (English Version) GLOBALink | People along Pakistan-Afghanistan border want “peace” with...
ကဘူးလ်၊စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တာလီဘန် ခေါင်းဆောင် Hibatullah Akhundzada က တာလီဘန်အိမ်စောင့်အစိုးရ ဖွဲ့စည်းပြီး မကြာမီ အုပ်ချုပ်မှုလုပ်ငန်းစဉ်များစတင်သွားမည်ဟု ပြီးခဲ့သည့် အင်္ဂါနေ့ ၌ ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံ၏ အိမ်စောင့်အစိုးရသစ် နှင့် အာဖဂန်ပြည်သူများ ရှေ့လျှောက် မည်သို့ကြုံတွေ့ရနိုင်ပုံ နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်...