နန်နင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် မကြာသေးမီက COVID-19 ရောဂါ ပထမဆုံးတစ်ကျော့ပြန်ဖြစ်ပွားခဲ့သော ကျန်းဆူးပြည်နယ်တွင် စက်တင်ဘာ ၉ ရက်၌ အန္တရာယ်မြင့်မားနှင့် အလယ်အလတ်အဆင့်ရှိသော ဒေသများအားလုံး ကင်းစင်သွားပြီဖြစ်ကြောင်း သိရသည်။
မနီလာ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာဖဂန်ဒုက္ခသည်များအတွက် တံခါးဖွင့်ထားကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin က စက်တင်ဘာ ၈ ရက်ညပိုင်း၌ ပြောကြားခဲ့သည်။
အက်ခရာ၊စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း(ECOWAS)အဖွဲ့ဝင်နိုင်ငံများသည် စက်တင်ဘာ ၈ ရက်က အွန်လိုင်း အထူးအစည်းအဝေးကျင်းပပြီး ဂီနီနိုင်ငံအား အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
တိုကျို၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) တိုကျို အိုလံပစ် အားကစားပွဲနှင့် မသန်စွမ်းသူများအိုလံပစ်အားကစားပွဲကျင်းပပြီးနောက် တိုကျိုအိုလံပစ်ကျင်းပရေးကော်တီ၏ ဝန်ထမ်းအရေအတွက်ကို အောက်တိုဘာလတွင် ဝန်ထမ်းအများဆုံး (၇,၀၀၀) ဦး ရှိရာမှ (၁,၁၀၀)ဦးထိ လျှော့ချသွားမည်ဖြစ်ကာ အိုလံပစ်ကျင်းပရေးကော်မတီတစ်ခုလုံးကို လာမည့်နှစ် ဇွန်လတွင် ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ဂျပန်မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။
နန်နင်း၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) ညခင်းပိုင်းရောက်လျှင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းရှိ ချင်းကျိုးရထားကွန်တိန်နာဗဟိုဆိပ်ကမ်းတွင် နေ့ခင်းပိုင်းကဲ့သို့ ပျားပန်းခတ်စည်ကားအလုပ်များနေဆဲဖြစ်သည်။