ဂျေရုစလမ် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) စက်တင်ဘာ ၆ ရက်က အစ္စရေးအကျဉ်းထောင်တစ်ခုမှ မြေအောက်ဥမင်တူး၍ ထောင်ဖောက်ထွက်ပြေးသွားသော ပါလက်စတိုင်းအကျဉ်းသား ၆ ဦးအား ပြန်လည်ဖမ်းမိနိုင်ရေးအတွက် အနောက်ဘက်ကမ်း နှင့် ဂါဇာကို ပိတ်ဆို့မှု တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အာဖဂန်ပြည်သူများ၏ လိုအပ်ချက်များအရ ယွမ် သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၃၀.၉၆ သန်း) တန်ဖိုးရှိသော ပြောင်းဆံများ၊ ဆောင်းတွင်းသုံး အထောက်အကူပစ္စည်းများ၊ ကာကွယ်ဆေးများနှင့် ဆေးဝါးများအား အာဖဂန်နစ္စတန်နိုင်ငံထံ အရေးပေါ်ပံ့ပိုးကူညီရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
မော်စကို ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာနဝန်ကြီး Yevgeny Zinichev သည် လူ့အသက်တစ်ချောင်းကို ကယ်တင်ရန် ကြိုးပမ်းစဉ် တာဝန်ချိန်အတွင်း သေဆုံးခဲ့ကြောင်း ဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ Arctic zone (အာတိတ်ဇုန်)အား အရေးပေါ်အခြေအနေတွင် ကာကွယ်ရန်အတွက် ရုရှားနိုင်ငံ...
ဗီယင်ကျန်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) လာအိုနိုင်ငံရှိ ဆေးဝါးထုတ်လုပ်သူများက COVID-19 ရောဂါအတွက် ဆေးဖက်ဝင်ပရဆေးများအား ဆေးတောင့်ပုံစံဖြင့် ထုတ်လုပ်မှုစတင်ရန်ရှိကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေး အရှိန်မြှင့်တင်ရန် လာဘ်ပေးလာဘ်ယူပြု လုပ်သူများအတွက် အ မည်ပျက်စာရင်းတစ်ခုကို တရုတ်အာဏာပိုင်များက အစပျိုးလိမ့်မည်ဖြစ်ကြောင်း လမ်းညွှန်ချက်တစ်ခုအရ သိရသည်။