ရီယာ့ဒ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ဆော်ဒီနိုင်ငံ စစ်တပ်၏ ပထမအသုတ် အမျိုးသမီးစစ်သည်များ ကျောင်းဆင်းပွဲအခမ်းအနားကို မကြာသေးမီက ကျင်းပပြုလုပ်ခဲ့ကြောင်း Arab News က စက်တင်ဘာ ၂ ရက်တွင် ဖော်ပြခဲ့သည်။
ဝါရှင်တန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းတစ်ခွင် စက်တင်ဘာ ၁ ရက်နှင့် ၂ ရက်နေ့များ၌ Ida မုန်တိုင်းအကြွင်းအကျန်များမှ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေလွှမ်းမိုးခြင်းနှင့် လေဆင်နှာမောင်းတိုက်ခတ်ခြင်းများကြောင့် လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်၌ တပ်စွဲခဲ့သည့် နှစ်ပေါင်း(၂၀)ကြာကာလတွင် အမေရိကန်သည် ၎င်း၏ပုံစံ စံညွှန်းများဖြင့် ဆောင်ရွက်ဖို့ အစဉ်တစိုက် ကြိုးပမ်းခဲ့သော်လည်း နောက်ဆုံး ရလဒ်က ဝမ်းနည်းကြေကွဲဖွယ်ရာများသာ ဖြစ်ခဲ့ကြောင်း ရုရှားသမ္မတ ပူတင်က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနှံ့ရှိ ဆေးရုံများသည် ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသည့် လူနာများအား အဓိက ကုသပေးနေရသောကြောင့် အောက်စီဂျင် ပြတ်လပ်မှုများဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း CNN က စက်တင်ဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။
COVID-19 ရောဂါ၏ မူလဇစ်မြစ်ကို ရှာဖွေခြင်းသည် သိပ္ပံပညာရပ်ကိစ္စတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်ရှိ မတူညီသောနေရာများ၌လည်း ဆောင်ရွက်သွားရမည်ဖြစ်သည်။ (Xinhua) #COVID_19 #Origins #Science #Xinhua #Myanmar #XinhuaMyanmar #မူလဇစ်မြစ် #သိပ္ပံပညာရပ် #ဆင်ဟွာ ———————————————- (English Version) Seeking the origins of COVID-19...