ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ မြောက်ကယ်လီဖိုးနီးယားတွင် Caldor တောမီးလောင်ကျွမ်းမှုသည် စက်တင်ဘာ ၁ ရက်အထိ ဧက ၂၀၀,၀၀၀ ကျော်လောင်ကျွမ်းထားပြီး South Lake Tahoe မြို့ အရှေ့ဘက်ရှိ Meyers ရပ်ကွက်သို့ ဆက်လက် ကူးစက်ပျံ့နှံ့နေကြောင်း မီးသတ်တာဝန်ရှိသူများက ပြောခဲ့သည်။
အမ်မန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဒါရိုက်တာများအဖွဲ့က ဂျော်ဒန်နိုင်ငံတွင် COVID-19 ကပ်ရောဂါမှ စီးပွားရေးနာလန်ထူရေးလှုံ့ဆော်ရန် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုခဲ့ကြောင်း ဘဏ်က စက်တင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။
မန္တလေး၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) မန္တလေးမြို့ အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးက မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး အရပ်ဖက် လူမှုကယ်ဆယ်ရေးအဖွဲ့များအား ဩဂုတ် ၃၁ ရက်တွင် အောက်ဆီဂျင်စက် (Oxygen Concentrator)များ ပေးအပ်လှူဒါန်းခဲ့ကြောင်း မန္တလေးအခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ရုံး၏ စက်တင်ဘာ ၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ကဘူးလ် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) တာလီဘန်ခေါင်းဆောင်များသည် အစိုးရသစ်ဖွဲ့စည်းရေး ဆွေးနွေးမှုများ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ဒေသတွင်း မီဒီယာက စက်တင်ဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။
လိဂျ်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်-ဥရောပကုန်တင်ရထားဝန်ဆောင်မှုသည် ကျိန့်ကျိုး၊ ဟနွိုင်းနှင့် လိဂျ် မြို့များအား ပထမဆုံးအကြိမ် ချိတ်ဆက်ခဲ့ပြီး အာရှနှင့် ဥရောပကြား ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်စေရန် အခွင့်အလမ်းကောင်းများ ဖန်တီးပေးလျက်ရှိကြောင်း သိရသည်။