သူတစ်ပါးအား အပြစ်ပုံချခြင်းဖြင့် အမေရိကန်နိုင်ငံ၏ ပြဿနာများကို ဖြေရှင်း၍ရနိုင်မည်မဟုတ်ပေ။ (Xinhua) ………………………………………… Playing the blame game can’t fix America’s problems.
ရာမာလာ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ပါလက်စတိုင်းအနေဖြင့် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခနှင့်ပတ်သက်၍ ဖြေရှင်းရန် မည်သည့်နိုင်ငံတကာကြိုးပမ်းမှုကိုမဆို ကြိုဆိုကြောင်း ပါလက်စတိုင်းဝန်ကြီးချုပ် Mohammed Ishtaye က သြဂုတ် ၃၁ ရက်တွင်ပြောကြားခဲ့သည်။
ဘန်ဒါဆရီဘဂါဝန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ဘရူနိုင်ငံးနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ပူးတွဲဖက်စပ် ရေနံဓာတုပစ္စည်းစက်ရုံ Hengyi Industries Sdn Bhd က ဘရူနိုင်းနိုင်ငံ၏ ဓာတ်ခွဲခန်းလုပ်ငန်းများဦးစီးဌာနသို့ ဓာတ်ခွဲခန်းသုံးအထောက်အကူပြုပစ္စည်းများအား ကျန်းမာရေးဝန်ကြီးဌာနတွင် ဩဂုတ် ၃၁ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ လူမှုဘဝတည်ငြိမ်ရေး ပြန်လည်ရရှိရန် ကြိုးပမ်းအားထုတ်မှု နှင့် စောနိုင်သမျှဆောလျင်စွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးပြန်လည်စတင်နိုင်ရန် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ လက်တွဲကာ အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ဒါကာ ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများသည် ဩဂုတ်လတွင် သိသိသာသာ မြင့်တက်လာသည်ကို တွေ့မြင်ရပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ယခုအချိန်ထိ ရောဂါဖြစ်ပွားသူ ၁၀,၃၅၆ ဦး နှင့် သေဆုံးသူ ၄၂ ဦး ရှိကြောင်း ကျန်းမာရေးဝန်ဆောင်မှုများဦးစီးဌာန(DGHS)က ဩဂုတ်...