နယူးယောက် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါဖြစ်ပွားသူ အရေအတွက်မှာ ဩဂုတ် ၄ ရက်တွင် သန်း ၂၀၀ ကျော်လွန်သွားပြီ ဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်မှ အချက်အလက်များအရ သိရသည်။
ဘန်ဒါဆာရီဘီဂါဝန် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) COVID-19 ကာကွယ်ဆေးများကို အားလုံးရရှိစေရေး နှင့် လက်လှမ်းမီစေရေးအတွက် ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ် လုပ်ဆောင်သွားကြရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဩဂုတ် ၂ ရက်တွင် တောင်းဆိုခဲ့ကြသည်။
နယူးဒေလီ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူ ၂၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာသတင်းများ၏ ဩဂုတ် ၄ ရက် ဖော်ပြချက်အရ သိရသည်။
ကဘူးလ်၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) အာဖဂန်နိုင်ငံ လက်ရှိကာကွယ်ရေးဝန်ကြီးBismillah Khan Mohammadi ၏ ကဘူးလ်မြို့နေအိမ်အနီးတွင် ဩဂုတ် ၃ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကိုင် (၄)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အာဖဂန်ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဘေရွတ် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှု တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ဆန္ဒပြချီတက်သူများ နှင့် ရဲတပ်ဖွဲအကြားဝင်များအကြား အဓိကရုဏ်းဖြစ်ပွားခဲ့ရာ လူပေါင်း ၈၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန်ကြက်ခြေနီအသင်းက ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု Elnashra အင်တာနက် ဝက်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။