ခတ္တမန္ဒူ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ၌ မကြာသေးမီရက်များအတွင်း COVID-19 ဖြစ်ပွားမှုမြင့်တက်လျက်ရှိသောကြောင့် နီပေါနိုင်ငံ၏ ခတ္တမန္ဒူတောင်ကြား ၌ lockdown ချမှတ်မှုအား နောက်ထပ် ၇ ရက် ထပ်မံတိုးမြှင့်ရန် အာဏာပိုင်များက သြဂုတ် ၃ ရက်တွင် ဆုံးဖြတ်ခဲ့သည်။
ပေကျင်း၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့အခြေစိုက်မြို့ပြဆေးပညာတက္ကသိုလ် Xuanwu ဆေးရုံ ၏ Xiongan ဌာနခွဲ တွင်တည်ဆောက်နေသော အထွေထွေရောဂါကုဆေးရုံကြီး၏ ပင်မဆောင်ကြီးကို ပြီးခဲ့သည့် တနင်္လာနေ့တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။ ၎င်းမှာ တရုတ်နိုင်ငံ ဟဲပေပြည်နယ်မြောက်ပိုင်း Xiongan မြို့သစ်တွင် တည်ဆောက်နေသည့် ပထမဆုံး...
ဘန်ကောက် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ဩဂုတ် ၃ ရက်တွင် COVID-19 လူနာသစ် ၂၀,၂၂၀ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ယင်းအရေအတွက်သည် တစ်ရက်တည်း ပထမဆုံးအကြိမ် လူ နာ ၂၀,၀၀၀ ကျော်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဩဂုတ် ၃ ရက်အထိ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၁ ဒသမ ၇ သန်းကျော် ထိုးနှံပေးထားကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ယနေ့ ဇူလိုင် ၄ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အနောက်ပစိဖိတ်ဒေသအတွင်း အရွယ်ရောက်ပြီးသူများအကြား COVID-19 ကာကွယ်ဆေးထိုးနှံပြီးစီးမှု အမြင့်ဆုံးရာခိုင်နှုန်း၌ ရပ်တည်နေသော နိုင်ငံများထဲတွင် ကမ္ဘောဒီးယားနိုင်ငံလည်းပါဝင်ကြောင်း ကမ္ဘောဒီးယားရှိ ကုလသမဂ္ဂရုံး၏ ဩဂုတ် ၃ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။