လန်ဒန် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံကျန်းမာရေးဝန်ကြီး Sajid Javid သည် ၎င်းအနေဖြင့် ပြီးခဲ့သော ညပိုင်းက အားအင်ကုန်ခမ်း ချိနဲ့သည်ဟုခံစားရပြီးနောက် COVID-19 ရောဂါစစ်ဆေးခဲ့ရာတွင် Positive ရလာဒ်ထွက်ပေါ်ခဲ့ကြောင်း စနေနေ့က ထုတ်ဖော် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ရွှေ့ပြောင်းသွားလာသူများ ရောက်ရှိလာမှုသည် ဇွန်လတွင် နှစ်အလိုက် မြင့်မားသော အရေအတွက်သို့ ရောက်ရှိလာခဲ့ကြောင်း အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး (CBP) က ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်သည့် စာရင်းအင်းအသစ်အရ သိရသည်။
နယူးဒေလီ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံအတွင်း ဖြစ်ပွားလာနိုင်သည့် COVID-19 တတိယလှိုင်းအား ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်းနှင့် လာမည့် ရက်ပေါင်း ၁၀၀ မှ ၁၂၅ ရက်သည် အရေးကြီးကြောင်း အိန္ဒိယဖက်ဒရယ်အစိုးရက ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ကိုလံဘို၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ အမျိုးသား ဆေးဝါးကြီးကြပ်ရေးဌာန(NMRA)က တရုတ်နိုင်ငံ၏ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးအား နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သီရိလင်္ကာ ဆေးဝါးထုတ်လုပ်ပံ့ပိုးရေးနှင့်ကြီးကြပ်ရေးဝန်ကြီး Channa Jayasumana က ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု ဒေသခံမီဒီယာများတွင် ဖော်ပြထားသည်။
ဘရပ်ဆဲလ်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ဥရောပတိုက် နေရာအများအပြားတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အအုံနှင့် လမ်းများပျက်စီးခဲ့ကာ ဆက်သွယ်ရေး ပြတ်တောက်ခဲ့ကြောင်း သိရသည်။ ဇူလိုင် ၁၆ ရက်အထိ ရေဘေးကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။