ပေကျင်း၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံအတွင်း ကာကွယ်ဆေးပံ့ပိုးမှု အာမခံချက်ရှိစေရန်အတွက် ပြည်တွင်းထုတ် AstraZeneca ကိုဗစ်ကာကွယ်ဆေး တင်ပို့မှုကို ထိန်းချုပ်ရန် အစိုးရက ချိန်ဆလျက်ရှိသည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
အေသင်၊ ဇူလိုင် ၁၅ (ဆင်ဟွာ) ဂရိနိုင်ငံတွင် မကြာသေးမီက COVID-19 ရောဂါ မြင့်တက်လာခြင်းသည် မေလလယ်ပိုင်းက နိုင်ငံတကာ ခရီးသွားဧည့်သည်များအား ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းနှင့် ဆက်စပ်မှုမရှိကြောင်း ဂရိ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး Harry Theoharis က ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံသည် COVID-19 ရောဂါပြန့်နှံမှုအား ကာကွယ်ရန် ဇူလိုင် ၁၈ ရက်မှ စတင်၍ တစ်လကြာ ဗီယက်နမ်နိုင်ငံနှင့် နယ်စပ်အား ယာယီပိတ်ထားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် Ouch Borith က ပြောကြားခဲ့သည်။
ဟူစတန် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ ပြင်းထန်သောနှင်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်သည် ပြည်နယ်တစ်ဝှမ်း ၂၁၀ ဦးထိ မြင့်တက်လာကြောင်း ဒေသတွင်း မီဒီယာက ဇူလိုင် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။
ပေကျင်း ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) မကြာသေးခင်က ထိုင်ဝမ် နှင့် တရုတ်ပြည်မကြီးအကြား BioNTech COVID-19 ကာကွယ်ဆေးများ ဝယ်ယူရေး သဘောတူညီချက်တစ်ခု မှာ ထိုင်ဝမ်ကျွန်း၏ ကပ်ရောဂါထိန်းချုပ်ရေးအတွက် မျှော်လင့်ချက် ရောင်ခြည်ဖြစ်ခဲ့ရသည်။