ဂျီနီဗာ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) ဖူကူရှီးမား နျူကလီးယားရေဆိုးများ ပင်လယ်တွင်းသို့ စွန့်ပစ်ရန် ဂျပန်နိုင်ငံက ဆုံးဖြတ်သည့်အပေါ် တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံက အထူးဂရုပြုနေကြောင်း ကုလသမဂ္ဂလူအခွင့်အရေးကောင်စီ (၄၇)ကြိမ်မြောက်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မနီလာ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံထံ Sinovac CoronaVac COVID-19 ကာကွယ်ဆေးများ ဇွန် ၂၄ ရက်က နောက်ထပ်တစ်သုတ် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးဌာန က ဇွန် ၂၄ ရက်၌ 《တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ၏ လူ့အခွင့်အရေးအပေါ် လေးစားမှု နှင့် အာမခံချက် ရှိရေးအတွက် မဟာဖော်ဆောင်မှု》စက္ကူဖြူစာတမ်း အား ထုတ်ပြန်ကြေညာခဲ့သည်။
ဟူးဟောက်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်-ဥရောပကုန်တင်ရထားစီးရေ စုစုပေါင်း ၇,၀၂၀ စီးသည် ၂၀၁၃ ခုနှစ်မှစ၍ တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Erenhot မြို့ နယ်စပ်စခန်းမှတစ်ဆင့် ဖြတ်သန်းသွားလျက်ရှိကြောင်း တရုတ် ဟူးဟောက်ရထားလုပ်ငန်းဗျူရို ကုမ္ပဏီလီမိတက်အရ သိရသည်။
ပေကျင်း ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ကပ်ရောဂါတိုက်ဖျက်ရေး အကူအညီကို ကမ္ဘာ့နိုင်ငံပေါင်း ၁၅၁ နိုင်ငံ နှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း ၁၄ ခုထံသို့ ၂၀၂၁ ခုနှစ် ဧပြီလကုန်အထိ ထောက်ပံ့ခြင်း သို့မဟုတ် ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ယနေ့ ဇွန် ၂၄ ရက်တွင်...