ဂျကာတာ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားတွင် ပြီးခဲ့သည့်ရက်ကထက် ကိုဗစ်တည်ပြုလူနာ (၁၄,၅၃၆)ဦး ထပ်တိုးကြောင်း အင်ဒိုနီးရှားအမျိုးသားသဘာဝဘေးအန္တရာယ်တိုက်ဖျက်ရေးအေဂျင်စီက ဇွန် ၂၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ ၎င်းမှာ ပြီးခဲ့သည့်နှစ် မတ်လမှစ၍ရေတွက်ပါက အတည်ပြုလူနာ စုစုပေါင်း (၂)သန်းကျော် ရှိလာခြင်း ဖြစ်သည်။
ဝါရှင်တန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး John Sullivan သည် ယခုရက်သတ္တပတ်အတွင်း မော်စကိုသို့ ပြန်လာမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ဇွန် ၂၁ ရက်၌ ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) လေပြင်းတိုက်ခတ်မှုများ ၊ မိုးသည်းထန်စွာရွာသွန်းမှုများနှင့် အပူပိုင်းမုန်တိုင်း Claudette ကြောင့် အမေရိကန်နိုင်ငံ Alabama ပြည်နယ်တောင်ပိုင်းတွင် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် ဇွန် ၂၁ ရက်တွင် မြောက်ကယ်ရိုလိုင်းနား ပြည်နယ်ကမ်းခြေသို့ဝင်ရောက် တိုက်ခတ်သွားခဲ့ကြောင်း သိရသည်။
ကိုလံဘို ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ ၂၀၂၁ ခုနှစ်အတွင်း ယခုအချိန်ထိ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူအရေအတွက်မှာ ၈,၁၃၉ ဦးထိ မြင့်တက်လာခဲ့ပြီး နိုင်ငံ၏ မြို့တော် ကိုလံဘိုမြို့သည် ရောဂါဖြစ်ပွားသူ အရေအတွက် အမြင့်ဆုံး ဖြစ်ကြောင်း ဒေသတွင်း မီဒီယာက ဇွန် ၂၁ ရက်တွင်...
နာဆူလ်တန်၊ ဇွန် ၂၂ရက် (ဆင်ဟွာ) COVID-19 ကပ်ရောဂါများဖြစ်ပွားနေသော်လည်း အာရှအလယ်ပိုင်းဒေသတွင်အကြီးဆုံးဖြစ်သည့် လေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းကို တရုတ်နိုင်ငံက ကာဇက်စတန်နိုင်ငံတောင်ပိုင်းတွင် အပြီးတည်ဆောက်ခဲ့ကြောင်းသိရသည်။ အမေရိကန်ဒေါ်လာသန်း ၁၅၀ ရင်းနှီးမြှုပ်နှံ ထားသည့် အဆိုပါ လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းကို Zhambly ဒေသရှိ မတ်စောက်သောတောင်ပတ်လည်ဝန်းရံနေသည့်ဒေသတွင်တည်ဆောက်ထားသည်။ လေဒလက်ကြီး အစင်း ၄၀ ဖြင့် တည်ဆောက်ထားသော...