ကူမင်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နာမည်ကျော် လှည့်လည်သွားလာနေသည့်ဆင်အုပ်စုသည် အနောက်မြောက်ပိုင်း ၂.၆ ကီလိုမီတာအထိ ဦးတည်သွားလာခဲ့ပြီး အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ ယွီရှီးမြို့၊ စီကျဲမြို့နယ်တွင် ဆက်လက်၍ တဝဲဝဲလည်လည် သွားလာလျက်ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ကွာလာလမ်ပူ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၅,၁၅၀ ဦးရှိပြီး တစ်နိုင်ငံလုံး၌ စုစုပေါင်းကူးစက်ခံရသူ ၆၇၃,၀၂၆ ဦးထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၆ ရက်တွင်ထုတ်ပြန်ခဲ့သည်။
မက်ဒရစ် ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ရီရဲမက်ဒရစ်ဘောလုံးအသင်းက အသင်းခေါင်းဆောင် ဆာဂျီယိုရားမို့စ်အား ၏ ပြောင်းရွှေ့မှုကိစ္စရပ်မှာ ပြီးဆုံးသွားပြီးဖြစ်ကြောင်း နှင့် ဇွန် ၁၆ ရက်တွင် ရားမိုစ့်အား အသင်းမှထွက်ခွာခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း အသင်းက ထုတ်ပြန်ခဲ့သည်။
ကျိုချွမ်၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) လူလိုက်ပါအာကာသယာဉ် “Shenzhou-12” ကို Long March-2F သယ်ဆောင်ရေး ဒုံးပျံဖြင့် ဇွန် ၁၇ ရက် နံနက် ၉ နာရီ ၂၂ မိနစ်က ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အချိန်မှန် လွှတ်တင်ခဲ့ရာ (၅၇၃)စက္ကန့်အကြာခန့်တွင် ယာဉ်သည် ဒုံးပျံမှ ခွဲထွက်ပြီး...
ဂါဘရွန်နေ ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) ဘော့စ်ဝါနာနိုင်ငံ သမ္မတ Mokgweetsi Masisi နှင့် အစိုးရအဖွဲ့ဝင်များအား Debswana စိန်ကုမ္ပဏီက အလေးချိန် ၁,၀၉၈ ဒသမ ၃၀ ကရက်ရှိသော စိန်တုံးကို ဇွန် ၁၆ ရက်တွင် ဘော့စ်ဝါနာနိုင်ငံ မြို့တော် ဂါဘရွန်နေမြို့၌ ပြသခဲ့ကြောင်း...