ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ယနေ့ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်သော ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံအသီးသီးသည် ညနေ(၄)နာရီတွင် ပိတ်သိမ်းခဲ့ပြီး မဲရလဒ်များ စတင်ရေတွက်နေပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁သိန်း ၁သောင်းကျော်ရှိကြောင်းနှင့် ပြင်သစ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၄ သောင်းကျော်ရှိလာကြောင်း နိုဝင်ဘာ ၇ ရက်အထိရရှိသော သတင်းများအရ သိရသည်။