Connect with us

News

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း YBS ယာဉ်လိုင်းများ ပြေးဆွဲပေးမည်

ရန်ကုန်မြို့လယ်တွင် ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း YBS ယာဉ်လိုင်းများ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ဆင်ဟွာသို့ ယနေ့ မတ် ၃၀ ရက်တွင်ပြောကြားသည်။ဦးလျန်ကျင့်မန်က “သင်္ကြန်တွင်းဆိုတော့ ယာဉ်ပိုင်ရှင်တွေက ကားတွေပြင်ကြတယ်။ ခရီးသွားတဲ့သူတွေ အတွက် ကားမဆွဲတာတွေရှိတယ်။ အဲဒီမှာ အဲလိုမဖြစ်ရအောင် ခရီးသွားပြည်သူတွေ အဆင်ပြေဖို့အတွက် အခုလို ပြေးဆွဲပေးဖြစ်တာပါ’’ ဟုဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏ ကြီးကြပ်မှုအောက်ရှိ YBS ယာဉ်လိုင်းများအား သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားလုပ်သားပြည်သူများ အဆင်ပြေစွာသွားလာနိုင်‌ရေးအတွက် ပုံမှန်ထွက်ရှိသည့်ယာဉ်လိုင်းနှင့် ယာဉ်စီးရေအတိုင်းပြေးဆွဲရန် အခက်အခဲရှိပါက ယာဉ်လိုင်းတစ်လိုင်းရှိ ယာဉ်အင်အား၏ (၃) ပုံ (၁) ပုံထက်လျော့နည်းမှုမရှိစေဘဲ ပြေးဆွဲသွားရန်၊ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းစွာဖြင့် ပြေးဆွဲရန်နှင့် ယာဉ်စီးခကို သတ်မှတ်ယာဉ်စီးခထက်ပို၍ မကောက်ခံရန် ယာဉ်လိုင်းကုမ္ပဏီများအား အသိပေးအကြောင်းကြားထားကြောင်း ဦးလျန်ကျင့်မန်ကဆိုသည်။ဧပြီ ၉ ရက်မှ ဧပြီ ၁၇ ရက် အထိကာလအား မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.