ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်ကုသမှုခံယူနေရသော ကျောင်းသား/ကျောင်းသူများ အတွက် ဆေးရုံစာဖြေဌာန ၃ ခု ဖွင့်လှစ်ပေးရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) မှ သိရသည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု နှစ်နိုင်ငံလုံးနှင့် ကမ္ဘာကြီးအတွက် အကျိုးကျေးဇူးရှိစေကြောင်း၊ နှစ်နိုင်ငံကြား ဆွေးနွေးမှုများနှင့် ဆက်သွယ်မှုများ ပိုမိုဆောင်ရွက်သွားသင့်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မတ် ၁၁ ရက်က ပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် မတ် ၉ ရက်တွင် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်နေစဉ် နည်းပညာ ချို့ယွင်းမှုကြောင့် ပါကစ္စတန်နိုင်ငံဘက်ခြမ်းသို့ ဒုံးကျည်တစ်စင်း မတော်တဆ ပစ်လွှတ်ခဲ့မိကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရင်ချွမ်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) အသက် ၄၆ နှစ်အရွယ် ဟဲဝန်ဟွာက ၎င်း၏ ဘီးတပ်ကုလားထိုင်ကို ချိန်ညှိလိုက်ပြီး စမတ်ဖုန်းကို ထရိုင်ပေါ့ (tripod) ပေါ်၌ နေရာချလိုက်ပြီးနောက် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ (ဟွေလူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဝူကျုံးမြို့ရှိ ၎င်း၏ဇာတိ ဟုန်ယာကျေးရွာမှ ဒေသခံလက်မှုပစ္စည်းများကို...
မော်စကို၊ မတ် ၁၂ ရက် (ဆင်ဟွာ) အစိုးရရှေ့နေချုပ်ရုံး၏ တောင်းဆိုချက်အရ ရုရှားနိုင်ငံ၌ အမေရိကန်လူမှုကွန်ရက်ဖြစ်သော Instagram အသုံးပြုခွင့်ကို ကန့်သတ်သွားမည်ဟု ရုရှား တယ်လီကွန်းစောင့်ကြည့်ရေးအဖွဲ့ Roskomnadzor က မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။