Connect with us

Education & Health

ရန်ကုန်တိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်နေရသော ကျောင်းသား/ကျောင်းသူများအတွက် ဆေးရုံစာဖြေဌာန ၃ ခု ဖွင့်လှစ်ရန်စီစဉ်ထား

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမြန်မာစာနေ့ ဖြေဆိုပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် (အ.ထ.က ၄) ကျောင်းမှ ထွက်လာသည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွ)

ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်ကုသမှုခံယူနေရသော ကျောင်းသား/ကျောင်းသူများ အတွက် ဆေးရုံစာဖြေဌာန ၃ ခု ဖွင့်လှစ်ပေးရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) မှ သိရသည်။မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) မှ တာဝန်ရှိသူတစ်ဦးက “တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာလည်း ဆေးရုံတက်ရောက်နေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဆေးရုံမှာဖြေဆိုနိုင်ဖို့ ညွှန်ကြားထားပြီးသားရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကတော့ ထူးခြားတာက စာစစ်ဌာနအနေနဲ့ကို ဖွင့်လှစ်ထားပေးတာပါ” ဟု ပြောခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့၏ ညှိနှိုင်းထားချက်အရ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်နေ့ မှ ဧပြီ ၉ ရက်နေ့ အထိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်ကုသမှု ခံယူနေရသော ကျောင်းသားကျောင်းသူများ နစ်နာမှုမရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆေးရုံစာဖြေဌာန ၃ ခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီးနှင့် ဗဟိုအမျိုးသမီးဆေးရုံကြီးတို့၌ ဖွင့်လှစ်ပေးရန်စီစဉ်ထားကြောင်း သိရသည်။

ဆေးရုံတက်ရောက်ကုသနေသော စာမေးပွဲဖြေဆိုလိုသည့် ကျောင်းသား/ကျောင်းသူ လူနာများ အနေဖြင့် ယင်းဆေးရုံကြီးများရှိ ဆေးလူမှုဆက်ဆံရေးဌာန နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။“ကလေးတွေ ကျန်းကျန်းမာမာ စိတ်ချမ်းချမ်းသာသာနဲ့ ဒီစာမေးပွဲကြီးကို ဖြေဆိုအောင်မြင်နိုင်ကြပါစေ လို့ ကျွန်တော်ဆုတောင်းပေးပါတယ်’’ ဟု၎င်း ကဆက်ပြောသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.