ပေကျင်း၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံတွင် ကိုဗစ် ဒုတိယလှိုင်းရိုက်ခတ်မှုသည် အမှန်တကယ် ဖြစ်လာပြီဖြစ်ကြောင်းနှင့် ကိုရိုနာဗိုင်းရပ်စ်သည် ပြောင်ချောနေသည့် မျက်နှာပြင်တွင် ၂၈ ရက် အထိ အသက်ရှင်နိုင်သည်ဟု CSIROက ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၁၂ ရက် သတင်းများအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်ပသို့ ပြောင်းတင်ပို့မှုလျာထားချက်ကို ပြည်တွင်းပြောင်းထွက်ရှိမှုပေါ်မူ တည်ပြီးဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝန်ကြီးဌာနထံမှ သိရသည်။
မွမ်ဘိုင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) မွမ်ဘိုင်းမြို့ အများပြည်သူနေရာများတွင် နှာခေါင်းစည်း မတပ်ဆင်သည့် နိုင်ငံသား တစ်ရက်လျှင် ၂၀,၀၀၀ ဦးကို အပြစ်ပေးရန် စတင်လုပ်ဆောင်လျက်ရှိကြောင်း အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါမှော်ရွာရှိ သက်တမ်းကုန်လုပ်ကွက်တစ်ခုအတွင်းမှ အောက်တိုဘာ ၁၂ ရက် ညပိုင်းက တွေ့ရှိခဲ့သော် အရွယ်အစား ကြီးမားသည့် ကျောက်စိမ်းရိုင်းတုံးကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှသိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် YBS စီးနင်းသည့်ခရီးသည်ဦးရေသည် နေ့စဉ်လျော့ကျလျက်ရှိရာ အချို့ယာဉ်လိုင်းများတွင် ခရီးသည်စီးနင်းမှုမရှိသလောက်ဖြစ်နေသောကြောင့် ယခင်ယာဉ်လိုင်းပေါင်း ၁၂၄လိုင်း၊ ယာဉ်အစီးရေး ၄,၅၀၀ ဝန်းကျင် ပြေးဆွဲနေရာမှ ယခု ယာဉ်လိုင်း ၉၀ ဝန်းကျင်၊ မော်တော်ယာဉ်စီးရေ ၁,၂၉၁ စီးဖြင့်သာ ပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့(YRTA)...