ရှီးချန်း၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် အမြင်အာရုံခံစနစ်ဖြင့် အဝေးထိန်းဂြိုဟ်တုသစ်တစ်စင်းကို ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အောက်တိုဘာ ၁၂ ရက် ပေကျင်းစံတော်ချိန် ၀၀:၅၇ နာရီက အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ် နှင့် အာဖရိက နှစ်ဖက်စလုံးသည် အမျိုးမျိုးသော အန္တရာယ်များ နှင့် စိန်ခေါ်မှုများကို အောင်မြင်စွာကျော်ဖြတ်နိုင်ရေး လက်တွဲကာ စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ကို ဆုပ်ကိုင်ထားရန် အသင့်ရှိကြောင်း နှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံစုံပါဝင်ရေးဝါဒ ၊...
ဝါရှင်တန်၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) ဆေးဘက်ဆိုင်ရာသုတေသနပြုချက်အရ ဗိုင်းရပ်စ်သည် တစ်ဖန်ပြန်လည် ကူးစက်မှု ဖြစ်ပေါ်နိုင်ကြောင်း အကြံပြုထားစဉ်အတွင်းမှာပင် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်အား ယခုအခါ“ ခံနိုင်ရည်” ရှိသွားပြီဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) COVID-19 အတည်ပြုလူနာသစ် (၁,၉၁၀) ဦးအားတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၂၇,၉၇၄) ဦးရှိလာကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ အောက်တိုဘာ ၁၁ ရက်ညပိုင်းတွင် ထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) နိုင်ငံအများအပြားတွင် တစ်ရက်အတွင်း ထပ်တိုးလူနာအရေအတွက် စံချိန်တင်တိုးမြင့်လာကြောင်းနှင့် အမေရိကန်နိုင်ငံသည် ကပ်ရောဂါအကျပ်အတည်းကို ဝမ်းနည်းဖွယ် ဖြစ်ရပ်သို့ ရောက်စေခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ ကမ္ဘာ့ ထိပ်တန်းဂျာနယ် The New England Journal of Medicine(NEJM)က ဖော်ပြခဲ့သည်ဟု အောက်တိုဘာ ၁၀ ရက်...