ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ မှ သြဂုတ်လကုန်အထိ စည်းကမ်းချိုးဖောက်သည့်မော်တော်ယာဉ်များအား Viber မှ တဆင့် တိုင်ကြားမှုပေါင်း ၂,၁၀၈ မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ စက်တင်ဘာ ၃၀ ရက်တွင်ပြောကြားသည်။
ရောမ ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ကျွိတုန်းယွီ က စားနပ်ရိက္ခာ ဆုံးရှုံးမှု နှင့် ဖြုန်းတီးမှု ပြဿနာသည် လက်ရှိတွင် ရင်ဆိုင်နေရသော ကြီးမားသည့် စိန်ခေါ်မှု တစ်ရပ်ဖြစ်ပြီး သီထွင်စမ်းသစ်သည့် စီမံခန့်ခွဲမှု ပြုလုပ်ရမည် ဖြစ်ကြောင်း ၊...
ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) COVID-19 ရောဂါထိန်းချုပ်ရေးကာလအတွင်း ကြက်သားဝယ်လိုအားကျဆင်းမှုကြောင့် ကြက်ခြံဖမ်းဈေး ကြက်သားတစ်ပိသာလျှင် ၅,၀၀၀ ကျပ် မှ ၁,၈၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါက်တာခင်လှိုင်က ဆိုသည်။
ဂျီနီဗာ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ကမ္ဘာတစ်ဝန်းတွင် စက်တင်ဘာ ၂၉ ရက်အထိ COVID-19 ရောဂါကြောင့်သေဆုံးသူ အရေအတွက် တစ်သန်းကျော်လွန်သွားပြီဖြစ်ကာ ၁,၀၀၀,၀၄၀ ဦးအထိရောက်ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နောက်ဆုံးရကိန်းဂဏန်းများအရ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) ပြည်သူများသိရှိလိုသည့် အချက်များကို ဖြေကြားနိုင်ရန်အတွက် ဧပြီ၉ ရက်မှစ၍ ဆေးသုတေသနဦးစီးဌာန၌ (၂၄)နာရီ Call Center 2019 ကို ဖွင့်လှစ်ထားခဲ့ရာ COVID-19 ရောဂါ ကာလအတွင်း စုစုပေါင်းခေါ်ဆိုမှု၏ ၄၃ ရာခိုင်နှုန်းသည် ကျေးလက်ဒေသ များမှဖြစ်ပြီး နာဂဒေသကဲ့သို့...