Connect with us

Media

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲအတွက် အပူချိန်ထိန်းညှိမှုနည်းပညာကို ရှာဖွေတွေ့ရှိခြင်း”

ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)
၂၀၂၂ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲ အတွက် အပူချိန်ထိန်းညှိမှုနည်းပညာကို ရှာဖွေတွေ့ရှိခြင်း ၊
အနုတ် ၆ ဒီဂရီစင်တီဂရိတ် ရှိသည့် ရေခဲပြင်ကြီးသည် ဆောင်းရာသီ အိုလံပစ် ကစားသမားများ အတွက် အရည်အသွေး အကောင်းဆုံးအနေထားမှာရှိသော ကစားကွင်းဖြစ်သည်။
သို့သော် အခြားတစ်ဖက်တွင်မူ ဤကဲ့သို့ အပူချိန်နိမ့်သောနေရာ၌ ၀န်ထမ်းများနှင့် ပရိသတ်များ အတွက် သက်တောင့်သက်သာ မရှိပေ။ ထို့ကြောင့် နေရာအလိုက် အပူချိန်ထိန်းညှိခြင်းသည် ဆောင်းရာသီအိုလံပစ် ပွဲအတွက် အလွန်ပင်အရေးကြီးပေသည်။
“၂၀၀၈ နွေရာသီအားကစားပြိုင်ပွဲ၏ အမွေအနှစ်တစ်ခုဖြစ်တဲ့ မိုးလုံလေလုံးအမျိုးသားအားကစားရုံကို လာမည့်ပေကျင်းဆောင်းရာသီအိုလံပစ် ပွဲကျင်းပမယ့် နေရာ အဖြစ်ပြန်လည် မွမ်းမံထားပါတယ်။ ဒီတော့ ဒီနေရာလေးမှာ အပူချိန်ထိန်းချုပ်ခြင်းရဲ့ လျှို့ဝှက်ချက် ကဘာဖြစ်မလဲ?”
“အခုမြင်တွေ့နေရတဲ့အတိုင်းပြိုင်ပွဲကျင်းပ မည့်နေရာကို အဓိကအားဖြင့် ဇုန်နှစ်ခုခွဲထားပါတယ်။ တစ်ခုက ရေခဲနေတဲ့ အားကစားကွင်းပြင် ဧရိယာဖြစ်ပြီး နောက်တစ်ခုကတော့ ပရိသတ်ဧရိယာပါ။ ဧရိယာနှစ်ခုလုံး အတွက် အပူချိန်ကို ထိန်းညှိဖို့ မတူညီတဲ့ စနစ်တွေကို ကျွန်တော်တို့အသုံးပြုထားပါတယ်။ ပြိုင်ပွဲဧရိယာအတွင်း မှာတော့ ကျွန်တော်တို့အနေနဲ့ ရေခဲပြင်ဧရိယာကို အေးအောင်ပြုလုပ်ပေးတဲ့ စက်ကိရိယာတွေကို အသုံးပြုထားပါတယ်။ ပြိုင်ပွဲ ယှဉ်ပြိုင်နေချိန်မှာတော့ ရေခဲပြင်ရဲ့ အပူချိန်က အနုတ် ၅ ကနေ ၇ ဒီဂရီစင်တီဂရိတ်ကြားမှာရှိမှာဖြစ်ပြီး ပရိသတ်ဧရိယာမှာ တော့အပူချိန်ကို ၁၆ ဒီဂရီစင်တီဂရိတ်၀န်းကျင်မှာ ထိန်းညှိထားမှာဖြစ်ပါတယ်။ပရိသတ်ဧရိယာကိုတော့ ဇုန်သေးသေးလေးများအဖြစ် ပိုင်းခြားထားပြီး တစ်ခုချင်းစီမှာ အပူချိန်နှင့် စိုထိုင်းစကို ထိန်းချုပ်ပေးဖို့ သီးခြားလေအေးပေးစက်များ တပ်ဆင်ပေးထားတယ် ပြိင်ပွဲကျင်းပမယ့်နေရာ ၏ အပူချိန်သာမက ပရိသတ်တွေ၊ ၀န်ထမ်းတွေရဲ့ အပူချိန်ကိုပါ အထူးဂရုပြု စောင့်ကြည့်ထိန်ညှိပေးမှာဖြစ်ပါတယ်” ဟု မိုးလုံလေလုံးအမျိုးသားအားကစားရုံ ပြန်လည်ပြုပြင်ရေးစီမံကိန်း အဖွဲ့တွင်ပါ၀င်သော JIA JIANQIU က ရှင်းပြပါသည်။ ဆောင်းရာသီအိုလံပစ်အတွင်း ဝတ်ဆင်နိုင်သော အပူချိန်တိုင်းကိရိယာများကိုပါ မိတ်ဆက်ပေးမည်ဖြစ်သည်။ ၎င်းသည် ကမ္ဘာပေါ်တွင် အသေးဆုံးနှင့် အတိကျဆုံးအမျိုးအစားများအနက် တစ်ခုဖြစ်သည်။ “ဒီထုတ်ကုန်ကို “band-aid သာမိုမီတာ” လို့ခေါ်ပါတယ်။ သူကတော်တော်အဆင်ပြေတယ် မိတ်ဆွေရဲ့ခန္ဓာကိုယ်အပူချိန်ကို အချိန်နှင့်တပြေးညီ တိုင်းတာပေးနိုင်ပါတယ်။ သည်ဟာက အပူချိန်တိုင်းတာဖို့ ချစ်ပ် ပြားဖြစ်ပါတယ်။ ဒါကတော့သူ့ကိုအားသွင်းဖို့ပါ။ သူ့ကို ကိုဖွင့်လိုက်ပြီဆိုဒါနဲ့ ချစ်ပ်ပြားက အလိုအလျောက်ဖွင့်ပါတယ် ပြီးရင် ကျွန်တော် တို့ကိုကပ်လို့ရပါပြီ။ တိပ်တခုခု ရဲ့အလယ်မှာ band-aid ကိုကပ်ပြီးတော့ပေါ့။ မိတ်ဆွေအနေနဲ့ အဲဒါကို လက်မောင်း သို့မဟုတ် လက်မောင်းအောက်မှာကပ်လို့ရပါတယ်။သူကို သေးငယ်ပြီးထူခြားအောင်ထုတ်လုပ်ထားတယ့် အတွက် သင့်ရဲ့ပုံမှန် လှုပ်ရှားမှုကြောင့် ထိခိုက်မှာ မဟုတ်ပါဘူး” ပေကျင်း ဆောင်းရာသီအိုလံပစ် ပွဲအား ကျင်းပရန် ၁၀ရက်ပင် မလိုတော့ပေ။ အဆင့်မြင့် နည်းပညာများ စမတ် အသုံးအဆောင်ပစ္စည်းများနှင့်အတူ ပေကျင်းသည်ဘေးကင်းပြီး အောင်မြင်သော ဆောင်းရာအိုလံပစ်ကို လက်ခံကျင်းပနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။  (Xinhua)