Connect with us

Media

ပေကျင်း‌ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ အောင်မြင်စေရန် ကမ္ဘောဒီးယားအရာရှိ ဆုမွန်ကောင်းတောင်း

ဖနွမ်းပင် ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ အားကစား အကြီးတန်းအရာရှိနှင့် အရပ်သားပြည်သူများက ၂၀၂၂ ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်းထုတ်ဖော်ပြောဆိုပြီး အားကစားပြိုင်ပွဲကို အကြွင်းမဲ့ထောက်ခံအားပေးကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

VATH CHAMROEUN
ကမ္ဘောဒီးယားအမျိုးသား အိုလံပစ်ကော်မတီ(NOCC)
အတွင်းရေးမှုးချုပ်

“ကမ္ဘောဒီးယားနိုင်ငံ၊ အမျိုးသားအိုလံပစ်ကော်မတီရဲ့ ကိုယ်စား ၊ ကျွန်တော့်အနေနဲ့ ဆောင်းရာသီအိုလံပစ်ပွဲတော်ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ပေးကျင်းအတွက် အားပေးချီးမြှင့်ကြောင်း ပြောချင်ပါတယ်။ ပြီးတော့ အားကစားပြိုင်ပွဲအောင်မြင်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းပါတယ်။
အားကစားပြိုင်ပွဲကို ကိုဗစ်-19 ကပ်ရောဂါဖြစ်ပွားနေချိန် ကျင်းပရပေမယ့်လည်း ကိုဗစ်-19 မကူးစက်အောင် ကာကွယ်ရေးအစီအစဥ်များကို သေသေချာချာ ‌စီမံခဲ့ကြတယ်။ ဒီအစီအစဥ်တွေဟာ တကယ်လည်း ကောင်းပါတယ်။
ဆောင်းရာသီအိုလံပစ်အားကစားပွဲများအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ပေကျင်းမြို့မှာ သေချာလုပ်ထားပါတယ်။”

CHHEAN ROKA
လာရောက်လည်ပတ်သူ
“ကျွန်မ ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အပြည့်အ၀ ထောက်ခံအားပေးပါတယ်။ ဘာလို့လဲဆိုတော့ ဒီပွဲဟာ နိုင်ငံရေးနဲ့ မဆိုင်ဘဲ အားကစားနဲ့သက်ဆိုင်တဲ့ ပွဲပါ။

တရုတ်နိုင်ငံဟာ ဒီပွဲအတွက် ဧရာမ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ပြီး ကြီးကျယ်ခမ်းနားတဲ့အားကစားပွဲအဖြစ် ကမ္ဘာကို ပြသနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဟာ လုံး၀ကို အန္တရာယ်ကင်းစွာနဲ့ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ ဒီပွဲဟာ ချစ်ခင်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် ပါ၀င်ယှဉ်ပြိုင်သူ အားလုံးရဲ့ကြားမှာ မမေ့နိုင်စရာ အမှတ်တရကောင်းလေးတွေ ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။
အနာဂတ်ကိုလက်တွဲသွားကြပါစို့။
ကျွန်မတို့ တရုတ်နိုင်ငံနဲ့အတူတူ ရပ်တည်‌နေပါတယ်။ ပြီးတော့ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ဒီအံ့ဩစရာကောင်းလောက်တဲ့ အားကစားပွဲလည်း အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။”

TRINH SUNHENG
လာရောက်လည်ပတ်သူ

“အားကစားဆိုတာ စည်းလုံးညီညွတ်မှုရှိစေပြီး လူမျိုးရေး၊အသားအရောင်၊ ယဉ်ကျေးမှု ဘာတစ်ခုမှ ခွဲခြားမှုမရှိတဲ့ စကြ၀ဠာလုံးဆိုင်ရာ ဘာသာစကားဖြစ်ပါတယ်။
ငြိမ်းချမ်းရေး နှင့် ခင်မင်ရင်းနှီးမှုဆိုတာ အိုလံပစ်ပွဲတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အမြဲပါ၀င်နေတာပါ။
နိုင်ငံအနည်းငယ်မှာတော့ နိုင်ငံရေးသဘောသက်ဝင်တဲ့
အားကစားပွဲမျိုး‌တွေကျင်းပတာက တကယ်တော့ မသင့်လျော်ပါဘူး။
အဲဒီပွဲတွေက စည်းလုံးညီညွတ်ခြင်းရဲ့ အခြေခံသဘောတရားများ၊ ပူးပေါင်းဆောင်ရွက်တတ်ခြင်းနဲ့ မျှတစွာယှဉ်ပြိုင်ခြင်းတို့ ဆိုတဲ့ အိုလံပစ်စိတ်ဓာတ်ကို ညစ်ထေးစေတယ်လို့ ထင်ပါတယ်။
အိုလံပစ်ပြိုင်ပွဲဆိုတာ ကမ္ဘာတစ်ဝှမ်းက ဒေသတွေ၊ နိုင်ငံတွေက အားကစားသမားတွေအတွက် သူတို့ရဲ့ ကာယစွမ်းရည်နဲ့ အားကစားပါရမီကို ပြသဖို့ အခွင့်အရေးပါ။ မာန်မာနထောင်လွှားသင့်တဲ့ သဘောတရားမဟုတ်ပါဘူး။”

CHAMROEUN THIDA
ကမ္ဘောဒီးယား -တရုတ် လက်ရေးလှအသင်း လက်ထောက်

“ကမ္ဘောဒီးယားပြည်သူတွေကို ကျွန်မပြောချင်တာကတော့ ဒီနိုင်ငံတကာအားကစားပြိုင်ပွဲကြီးဟာ ကမ္ဘာတစ်ဝှမ်းက နိင်ငံတွေအကြား ငြိမ်းချမ်းရေး၊ ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ မျှတစွာယှဉ်ပြိုင်မှု၊ လေးစားမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အကြောင်းပါ။ နိုင်ငံရေးအကြောင်း မဟုတ်ပါဘူး။
ပေကျင်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲဟာ တရုတ်ရိုးရာ ယဉ်ကျေးမှုရဲ့ ခမ်းနားကြီးကျယ်တဲ့ ကျက်သရေရှိမှုတွေနဲ့ ပြည့်နှက်နေမယ်လို့ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ အားကစားပွဲသက်သက်သာမဟုတ်ဘဲ ယဉ်ကျေးမှုဆိုင်ရာ ပွဲလည်း ဖြစ်နေလို့ပါပဲ။”(Xinhua)

———————————
(English Version)
GLOBALink | Cambodian official wishes Beijing Winter Olympics success
A senior sports official and ordinary people in Cambodia on Sunday voiced their full support for the 2022 Beijing Winter Olympics, expressing their confidence that the Games will be a great success.
Produced by Xinhua Global Service