ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ၂၀၁၉ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့၌ ကျောက်စိမ်းအတွဲ (၁၀၉၁) တွဲကို အိတ်ဖွင့်တင်ဒါစနစ် ဖြင့်ရောင်းချနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ဒေါက်တာစိုးဝင်းကို ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ်ဗဟိုကော်မတီ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ စက်တင်ဘာ ၂၁ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ကျင်းပလျက်ရှိကြောင်း သိရသည်။
ဘာလင်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အစိုးရက ၂၀၃၀ ခုနှစ်အတွက် နိုင်ငံ၏ ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များ ချမှတ်ရာတွင် အောင်မြင်မှုရှိစေရန် “ခိုင်လုံသော လုပ်ဆောင်မှုများ” အား စက်တင်ဘာလ ၂၀ ရက်တွင် သဘောတူလိုက်ကြောင်း တရားဝင် ဝက်ဘ်ဆိုက်တွင် ကြေညာထားချက်အရ သိရသည်။
အန်ကာရာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတွင် လူ ၁၄ ဦးအား အိုင်အက်စ်အဖွဲ့နှင့် ချိတ်ဆက်မှုများ ရှိသည့်အတွက် စက်တင်ဘာလ ၂၀ ရက်တွင် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ကြောင်း နိုင်ငံပိုင် Anadolu အေဂျင်စီက သတင်းဖော်ပြခဲ့သည်။