ဟောင်ကောင်၊ဇွန် ၂၈ ရက်(ဆင်ဟွာ) အမေရိကန်က တရုတ်အစိုးရအရာရှိများအား ဗီဇာကန့်သတ်မှုများ ဆောင်ရွက်သွားမည်ဟူသောကြေညာချက်အား ပြင်းထန်စွာကန့်ကွက်ကြောင်း၊ ဟောင်ကောင်ရေးရာနှင့်တရုတ်နိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သော ဗိုလ်ကျအနိုင်ကျင့်သည့် လုပ်ဆောင်ချက်များကို ရပ်တန့်ရန်နှင့်အမှားများကို ချက်ချင်းပြင်ဆင်ရန် တိုက်တွန်းကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ရီယက်ဒ်၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) COVID-19 ကပ်ရောဂါ ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍအပေါ်သက်ရောက်မှုအား အလေးထား ဖြေရှင်းသွားမည်ဖြစ်ကြောင်း G20 အဖွဲ့ဝင် ပညာရေးဝန်ကြီးများက ဇွန် ၂၇ ရက်ဗွီဒီယိုအစည်းအဝေးတွင် ကတိပြုခဲ့ကြသည်။
ပေကျင်း၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဦးဆုံး Grand Slamချန်ပီယံဖြစ်သူ လီနာ၏ နည်းပြဟောင်းမှ အနာဂတ် တင်းနစ်ချန်ပီယံလောင်း ကလေးငယ်များအား လေ့ကျင့်သင်ကြားပေးနေပုံများကို တင်ဆက်ထားပါသည်။ (Xinhua)
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့မှု ကိုဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ COVID-19 ကာကွယ်၊ထိန်းချုပ်၊ တားဆီးရေး အတွက် ထုတ်ပြန်ထားသည့် ပြည်သူသို့ ပန်ကြားချက်၊ အမိန့်စသည်တို့အား ဇူလိုင်လ ၁၅ ရက်အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားကြောင်း COVID-19 ကာကွယ်၊ထိန်းချုပ်၊...
ဘာစီလိုနာ၊ စပိန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) စပိန်နိုင်ငံတွင် ဩဇာတိက္ကမကြီးမားသော တက္ကသိုလ်များအနက် တစ်ခုဖြစ်သော ဘာစီလိုနာတက္ကသိုလ်ရှိ သုတေသီများက ၂၀၁၉ ခုနှစ် မတ် ၁၂ ရက်က စုဆောင်းရယူခဲ့သည့် စွန့်ပစ်ရေနမူနာများ၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေသည်ကို တွေ့ရှိခဲ့ကြောင်း ယင်းတက္ကသိုလ်က ဇွန် ၂၆ ရက်တွင်...