ဒမတ်စကပ်စ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ် အလယ်ပိုင်းတွင် အောက်တိုဘာ ၂၀ ရက်က စစ်တပ်ဘတ်စ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးလူ ၁၃ ဦး သေဆုံးပြီး အခြားသူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနိုင်ငံပိုင် SANA သတင်းအေဂျင်စီကဖော်ပြသည်။
ဂျေရုဆလင်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ၌ COVID-19 ဒယ်လ်တာ (Delta) ဗီဇပြောင်းဗိုင်းရပ်စ် “AY4.2” အား အောက်တိုဘာ ၁၉ ရက်တွင် ပထမဆုံးတွေ့ရှိခဲ့ကြောင်း အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပေကျင်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ၂၀၂၂ ပေကျင်း ဆောင်းရာသီအားကစားပွဲများအတွက် အိုလံပစ်မီးရှူးတိုင်သည် ဂရိနိုင်ငံ အေသင်မြို့မှ တရုတ်နိုင်ငံ မြို့တော် ပေကျင်းသို့ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ရေကြီးရေလျှံမှုဒဏ်ခံစားရသော အက်ထရာခန်ပြည်နယ်တွင် သေဆုံးသူ အရေအတွက်မှာ ၃၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် Pushkar Singh Dhami က ရေလွှမ်းမိုးသောဧရိယာအား ဝေဟင်မှစစ်တမ်းကောက်ယူပြီးနောက် အောက်တိုဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။