Connect with us

Media

တရုတ်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံ၏အမြန်ရထားလမ်းအတွက် သံမဏိရထားလမ်းပိုင်းများအားလုံးကို သင်္ဘောတင်ပို့

နန်နင်း၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံတွင်ဖောက်လုပ်လျက်ရှိသည့် ဂျကာတာ-ဘန်ဒေါင်းအမြန်ရထားလမ်း (HSR) တွင် အသုံးပြုရန် သံမဏိ ရထားလမ်းပိုင်း နောက်ဆုံးအသုတ်အဖြစ် တန်ချိန်စုစုပေါင်း ၅,၅၀၀ ရှိ သံမဏိ ရထားလမ်းပိုင်း များ ကို တရုတ်နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမှ ပြီးခဲ့သည့် ‌သောကြာနေ့တွင် သင်္ဘောတင်ပို့ခဲ့သည်။
ရထားသံလမ်းများအား စီချွမ်းပြည်နယ်မှ Panzhihua Iron and Steel မှ ထုတ်လုပ်ကာ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ရထားဖြင့် ပို့ဆောင်ရောက်ရှိပြီးနောက် ဖန်ချန်းကန်းဆိပ်ကမ်း မှ တဆင့်သင်္ဘော တင်ပို့ခြင်းဖြစ်သည်။
Panzhihua Steel and Vanadium Co.,Ltd မှ အင်ဂျင်နီယာ Wang Daiwen က “ကျွန်တော်တို့က အင်ဒိုနီးရှားနိုင်ငံရဲ့ ဂျကာတာ-ဘန်ဒေါင်းအမြန်ရထားလမ်း (HSR)ရထားလမ်းအတွက် သံမဏိ လမ်းပိုင်းတွေကို ထုတ်လုပ်ပေးဖို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလထဲက သဘောတူစာချုပ်ချုပ်ထားတာပါ၊ အခုဆိုရင် ကျွန်တော်တို့ လိုအပ်တဲ့ သံမဏိရထားလမ်း တန်ချိန်ပေါင်း ၃၈,၀၀၀ တန်ကို အားလုံး ထုတ်လုပ်လို့ပြီးစီးပါပြီ၊” ဟုပြောကြားခဲ့သည်။

ဂျကာတာ-ဘန်ဒေါင်းအမြန်ရထားလမ်း (HSR) ဆောက်လုပ်ရေးစီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သည်။ တစ်နာရီလျှင် ၃၅၀ ကီလိုမီတာ အမြန်နှုန်းဖြင့် ပြေးဆွဲရန် လျာထားသည့်အမြန်ရထားလမ်းအား တရုတ်နိုင်ငံ၏ ရထားလမ်းဖောက်လုပ်သည့်နည်းပညာဖြင့်ဖောက်လုပ်ခြင်းဖြစ်သည်။ ရထားလမ်းပြီးစီးပါက အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် မြို့တော် ဘန်ဒေါင်းနှင့် ဂျကာတာမြို့ တို့အကြား မိနစ်၄၀ ခန့်ဖြင့် သွားလာနိုင်မည်ဖြစ်ရာ ယခင် ၃ နာရီကြာသွားလာရသည့်ခရီးကြာမြင့်ချိန်အား လျှော့ချပေးနိုင်မည်ဟုသိရသည်။(Xinhua)
………………………………
(English Version)
China ships all tracks for Indonesia’s high-speed railway
NANNING, Aug. 22 (Xinhua) –The last batch of 5,500-ton made-in-China steel tracks for Indonesia’s Jakarta-Bandung high-speed railway (HSR) was shipped from a southern Chinese port Friday.
The track bars were loaded onto a ship in Fangchenggang, Guangxi Zhuang Autonomous Region, after arriving on trains from their maker Panzhihua Iron and Steel in the southwestern province of Sichuan.
The 142.3-km-long Jakarta-Bandung HSR project started in 2018. With a design speed of 350 km per hour, the high-speed railway built with Chinese technology will cut the journey between Jakarta and Bandung, the capital of West Java province, from more than three hours to around 40 minutes.

Produced by Xinhua Global Service