Connect with us

Media

ရွေ့လျားဆေးရုံအား တရုတ်-အာရပ်နိုင်ငံများကုန်စည်ပြပွဲ တွင် ပြသ

ရင်းချွန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းနင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တွင် ကျင်းပခဲ့သည့် ၅ ကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများကုန်စည်ပြပွဲတွင် အထူးထုတ်လုပ်ထားသော “ ရွေ့လျားဆေးရုံ” အား လူအများစိတ်ဝင်တစား လေ့လာခဲ့ကြသည်။

အဆိုပါ “ ရွေ့လျားဆေးရုံ” (သို့) ‌”မော်တော်ယာဉ်ဆေးရုံ” တွင် နောက်ဆုံးပေါ် အင်တာနက် နည်းပညာများ ကို ထည့်သွင်းအသုံးပြုထားသည့်အပြင် အင်တာနက် တပ်ဆင်ထားသည့် ပစ္စည်းအမျိုးစုံ နှင့် ချိတ်ဆက်နိုင်သည်။

ယာဉ်ပေါ်၌ ကျန်းမာရေးစစ်ဆေးခြင်း အမျိုးအစားပေါင်း ၅၃ မျိုးကို ကဏ္ဍခွဲ ၇ မျိုး ဖြင့် ဝန်ဆောင်မှုပေးနိုင်ကြောင်းသိရသည်။ Weiyi Ningxia Internet Hospital Ltd မှ မန်နေဂျာ Cui Lu က “ အင်တာနက် တပ်ဆင်ထားသော ပစ္စည်းအမျိုးစုံ နှင့် ချိတ်ဆက်နိုင်သည့် နည်းပညာအပါအဝင် အင်တာနက် နည်းပညာများ ပါဝင်တဲ့ ဒီ‌ရွေ့လျားဆေးရုံမှာ ကျန်းမာရေးစစ်ဆေးဖို့အတွက် ဝန်ဆောင်မှုစုံလင်စွာ ထည့်သွင်းထားပါတယ်။ ဒါဟာ ဒုတိယအဆင့် ဆေးရုံတစ်ရုံက ပေးနိုင်တဲ့ ဝန်ဆောင်မှု တွေလိုပါပဲ။ ဒေသခံတစ်ဦးဟာ စစ်ဆေးမှုတွေ ပြုလုပ်ပြီးသွားပြီဆိုတာနဲ့ ချက်ချင်း စစ်ဆေးချက်အဖြေကို ရရှိနိုင်မှာဖြစ်ပါတယ်။

နောက်ပြီး သက်ကြီးရွယ်အိုများနှင့် နာတာရှည်လူနာများအနေနဲ့လည်း ဒီကားပေါ်မှာပဲ ဆရာဝန်တွေ ကို ဆေးခန်းပြနိုင်ပြီး အွန်လိုင်းဆေးရုံကနေပဲ လိုအပ်တဲ့ဆေးဝါးတွေကိုပဲ ဝယ်နိုင်ပါတယ်၊ ဒါ့အပြင် ဆေးဝါး ပို့ဆောင်ရေးဝန်ဆောင်မှုကိုလည်း ဆောင်ရွက်ပေးပါတယ်၊ ဒါကြောင့် ဒီရွေ့လျားဆေးရုံဟာဆိုရင် အထွေထွေရောဂါကု ဆရာဝန်များအတွက် ဆေးစစ်နိုင်ဖို့ ဆေးပေးနိုင်ဖို့စတဲ့လုပ်ဆောင်မှုတွေအတွက် သိပ်ပြီး အသုံးဝင်မှာပါ “ ဟုဆိုသည်။

သြဂုတ်လ ၁၉ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် အဆိုပါကုန်စည်ပြပွဲတွင် ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ ဖိုရမ်များ၊ သန့်ရှင်းသောစွမ်းအင်၊ ရေအရင်းအမြစ်၊ခေတ်မီ လယ်ယာစိုက်ပျိုးရေး၊ လတ်ဆတ်သောအစားအစာများ၊ နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ်ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး တို့ကို ဆွေးနွေးပွဲများနှင့် ပြခန်းများလည်း ထည့်သွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပြပွဲတွင် တရုတ် နှင့် နိုင်ငံခြား လုပ်ငန်းပေါင်း ၁,၀၀၀ ‌ကျော်ပါဝင်ခဲ့ပြီး အွန်လိုင်းမှ တစ်ဆင့် ပြပွဲအချို့ ကိုပါ ထည့်သွင်းပြသခဲ့ကြောင်းသိရသည်။ (Xinhua)

……………………………………

(English Version)

“Hospital on wheels” showcased at China-Arab States Expo

YINCHUAN, Aug. 22 (Xinhua) — A special “hospital on wheels” has drewn much attention at the 5th China-Arab States Expo in Yinchuan in northwest China’s Ningxia Hui Autonomous Region. The vehicle, equipped with cutting-edge Internet technologies and connected by the Internet of Things, can provide 53 medical check-up services in seven categories. The expo, scheduled from Aug. 19 to 22, features trade fairs and forums on digital economy, clean energy, water resource, modern agriculture, green food, cross-border e-commerce and tourism cooperation. More than 1,000 Chinese and overseas enterprises have registered as exhibitors for offline and virtual events at the expo.