ပေကျင်း၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ဝူဟန့် ပိုးမွှားဗေဒဌာန၏ လေဝင်လေထွက်စနစ်နှင့်ပတ်သက်သော အစီရင်ခံစာသည် ကျင့်ဝတ်ပျက်ပြားခြင်း၊ တာဝန်မဲ့ ခြင်းတို့အပြင် အဓိပ္ပါယ်မရှိသော မှားယွင်းမှုများစွာကိုထည့်သွင်းထားသော လုပ်ကြံချဲ့ကားမှုများဖြစ်ကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စု ရီပတ်ဘလစ်ကန်လွှတ်တော်အမတ် Michael McCaul ဦးဆောင်သော အမေရိကန်ပြည်ထောင်စု House...
ဖူကျန့်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့ အခြေစိုက် ကမ္ဘာ့ ဓာတုကုမ္ပဏီ SABIC က တရုတ်နိုင်ငံ ဖူကျန့် ရေနံဓာတု စက်မှုလုပ်ငန်းကုမ္ပဏီ(FJPEC) နှင့် အကျိုးတူပူးပေါင်းကာ ကမ္ဘာ့အဆင့်မီ ရေနံဓာတုစက်ရုံကြီး စီမံကိန်းတစ်ခုကို တရုတ်နိုင်ငံတွင် တည်ဆောက်သွားရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး...
ကဘူးလ် ၊ ဩဂုတ် ၂၇ ရက်(ဆင်ဟွာ) ကဘူးလ်လေဆိပ်၌ ဩဂုတ် ၂၆ ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် သေဆုံးသူ အရေအတွက်သည် ၁၀၃ ဦးထက်မနည်း ရှိခဲ့သော်လည်း နိုင်ငံခြားတပ်ဖွဲ့များအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာရန် နောက်ဆုံးရက်အား ထပ်တိုးရန် အကြောင်းမရှိကြောင်း အမည်မဖော်လိုသူ တာလီဘန် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို...
ဒမတ်စကပ်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ) ကာလကြာရှည် တင်းမာမှုကို ထိန်းသိမ်းရန် ရုရှားနိုင်ငံက ကြားဝင်စေ့စပ်ပေးသော သဘောတူညီချက်အရ ဆီးရီးယားနိုင်ငံ တောင်ပိုင်း Daraa ပြည်နယ်မှ လက်နက်ကိုင်အမျိုးသားများအား နိုင်ငံမြောက်ပိုင်းရှိ သူပုန်များ ထိန်းချုပ်ထားသောနယ်မြေများသို့ ဩဂုတ် ၂၆ ရက်က ရွှေ့ပြောင်းပေးခဲ့ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ SANA...
အာဒစ်အာဘာဘာ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံ တွင် ဟွာဝေးကုမ္ပဏီက ဦးစီးကျင်းပသော တတိယမြောက် အမျိုးသားသတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ (ICT) ပြိုင်ပွဲ ဖြစ်သည့် ဟွာဝေးအိုင်စီတီပြိုင်ပွဲ အီသီယိုးပီးယား ၂၀၂၁ ပြိုင်ပွဲတွင် ဆုရရှိသူများအား တရုတ်တယ်လီကွန်း ကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေးက သြဂုတ် ၂၆ ရက်တွင် ဆုချီးမြှင့်ခဲ့သည်။