Connect with us

Media

အမှားများစွာဖြင့်ထုတ်ပြန်သောဝူဟန့်ဓါတ်ခွဲခန်းဆိုင်ရာ အမေရိကန်၏ထုတ်ပြန်ချက်သည် လုပ်ကြံချဲ့ကားမှုများဖြစ်

ပေကျင်း၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ဝူဟန့် ပိုးမွှားဗေဒဌာန၏ လေဝင်လေထွက်စနစ်နှင့်ပတ်သက်သော အစီရင်ခံစာသည် ကျင့်ဝတ်ပျက်ပြားခြင်း၊ တာဝန်မဲ့ ခြင်းတို့အပြင် အဓိပ္ပါယ်မရှိသော မှားယွင်းမှုများစွာကိုထည့်သွင်းထားသော လုပ်ကြံချဲ့ကားမှုများဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု ရီပတ်ဘလစ်ကန်လွှတ်တော်အမတ် Michael McCaul ဦးဆောင်သော အမေရိကန်ပြည်ထောင်စု House Foreign Affairs Committee minority staff က သြဂုတ်လတွင် ထုတ်ပြန်ခဲ့သည့် COVID-19 ၏ မူလ ဇစ်မြစ်နှင့်သက်ဆိုင်သည့် စာမျက်နှာ ၈၄ ခုပါ နောက်ဆက်တွဲ ထုတ်ပြန်ချက်မှာ ဝူဟန့် ပိုးမွှားဗေဒဌာန ၌ မူမမှန်မှုများရှိသည်ဟု အာရုံစိုက်ခံရစေရန်အလို့ငှာ

ဘဏ္ဍာရေးကိန်းဂဏန်းများအား များစွာချဲ့ကားဖော်ပြထားခြင်းဖြစ်သည်။ဥပမာအားဖြင့် လေဝင်လေထွက်စနစ်၏ ကုန်ကျစရိတ်အား အမေရိကန်ဒေါ်လာ ၆သိန်းဟု ဖော်ပြရမည့်အစား အမေရိကန်ဒေါ်လာ ၆၀၆ သန်းဟု ကုန်ကျစရိတ်များအားထောင်ဂဏန်းနှင့်ချီကာ ဖြည့်စွက်ထားသည်။

ကွန်ဂရက်လွှတ်တော်အစီရင်ခံစာတွင် ဝူဟန့်ဗိုင်းရပ်ဗေဒဌာန WIV ၌ ပုံမှန်မဟုတ်သည့် အရာ တစ်ခုခု ဖြစ်ပျက်နေသည်ဟု ယူဆနိုင်စေရန် ကိန်းဂဏန်းများအားတိုးမြှင့်ဖော်ပြထားပြီး “ လုံခြုံရေး ဆောင်ရွက်မှုများ နှင့်ပုံမှန်မဟုတ်သောပြုပြင်ထိန်းသိမ်းမှုများ” ပြုလုပ်ခြင်းသည်ဓာတ်ခွဲခန်းယိုစိမ့်မှု၏အထောက်အထားများဖြစ် သည်ဟု ခန့်မှန်းဖော်ပြထားသည်။

အမေရိကန်သတင်းမီဒီယာအချို့၏ သတင်းစာမျက်နှာပေါ်၌ဖော်ပြသော ဆောင်းပါးများ၌ နောက်ပိုင်းတွင်ပြန်ပြင်သော်လည်း ဤမှားယွင်းသောသတင်းကို ကိုးကားဖော်ပြခဲ့သည်။

အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် အမေရိကန်နိုင်ငံ၏ အဓိက သတင်းစာများသည် အမှားများကို ဖန်တီးကာ လေ့လာစောင့်ကြည့်သူများစွာ /ဝေဖန်ရေးသမားများစွာအနေဖြင့် ထိုသို့အမှားများအား မျက်ကွယ်ပြုခြင်းမှာ အလွန်ဝမ်းနည်းဖွယ်ဖြစ်သည်။ ယင်းတို့သည် ကျင့်ဝတ်ဆိုင်ရာစောင့်ထိန်းမှုများနှင့်တိကျသေချာမှုရှိမရှိ ပိုမို ဂရုစိုက်သင့်သလို ကောင်းစွာတာဝန်သိမှုရှိပါက ယင်းအမှားများမှာ အလွန်ကျယ်ပြန့်သွားစရာမရှိချေ။
လွှတ်တော်အစီရင်ခံစာအား ကနဦးမှသည် လေးလေးနက်နက် ရေးသားတင်ပြသင့်ပေရာ အစီရင်ခံစာတွင် ထိုသို့အမှားများမှာ လွယ်ကူစွာပင် တွေ့မြင်နိုင်မည်သာဖြစ်သည်။

ယင်းကဲ့သို့ မတိကျသောအမှားများမှာ ပိုမိုများပြားလာသည်ကိုစိတ်မကောင်းဖွယ်တွေ့ရပြီး အကယ်၍ ရည်ရွယ်ဖန်တီးသည့်အမှားမဟုတ်ပါက သတင်းအချက်အလက်များအားထုတ်ပြန်သင့်ပြီးအထူးသဖြင့်COVID-19 မူလဇစ်မြစ်နှင့်သက်ဆိုင်သည့် သုတေသနအချက်လက်များ အား ပြည်သူများသိရှိစေရန်ဆောင်ရွက်ရမည်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းမှာ ဆက်လက်လုပ်ဆောင်နေရဆဲဖြစ်ပြီး အလိမ်အညာများနှင့် စိတ်ဝမ်းကွဲခြင်းမဟုတ်ဘဲ အပြုသဘောနှင့်ပူးပေါင်းဆောင်ရွက်မှုများပိုမိုလိုအပ်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.