Connect with us

Media

တရုတ် နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ ဒေါ်လာ ၆ ဘီလီယံ တန် ရေနံဓာတုစက်ရုံကြီး အကျိုးတူတည်ဆောက်မည်

ဖူကျန့်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့ အခြေစိုက် ကမ္ဘာ့ ဓာတုကုမ္ပဏီ SABIC က တရုတ်နိုင်ငံ ဖူကျန့် ရေနံဓာတု စက်မှုလုပ်ငန်းကုမ္ပဏီ(FJPEC) နှင့် အကျိုးတူပူးပေါင်းကာ ကမ္ဘာ့အဆင့်မီ ရေနံဓာတုစက်ရုံကြီး စီမံကိန်းတစ်ခုကို တရုတ်နိုင်ငံတွင် တည်ဆောက်သွားရန် သဘောတူစာချုပ် လက်မှတ်‌ရေးထိုးခဲ့ကြောင်းသိရသည်။

စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး တရုတ်ယွမ် ၄၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆.၁၈ ဘီလီယံခန့်) ရှိသည့် ယင်းစီမံကိန်း ကြီးအား တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ကျန်းကျိုးမြို့ရှိ Guleiစက်မှု ဥယျာဉ် ၌ တည်ဆောက်သွားမည်ဖြစ်သည်။ (Xinhua)

……………………………..
(English Version)
GLOBALink | China, Saudi Arabia ink 6 bln USD joint venture deal to build mega petrochemical complex
Riyadh-based global chemical company SABIC has inked a joint venture contract with China’s Fujian Petrochemical Industrial Group Co., Ltd (FJPEC) to build a world-class mega petrochemical complex in China.

With a total investment of 40 billion yuan (about 6.18 billion U.S. dollars), the complex will be built at Gulei Industrial Park in Zhangzhou city, east China’s Fujian Province.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.