လာဆာ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) အချိန် ၃ နှစ်ကျော်ကြာ တည်ဆောက်ပြီးနောက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အကြီးဆုံးလေဆိပ်ကြီးအား စနေနေ့က စတင်အသုံးပြုလျက်ရှိကြောင်းသိရသည်။ ဝေဟင်ထက်မှကြည့်ရှုပါက ကြာပန်းကြီးတစ်ပွင့်သဏ္ဍာန်တည်ဆောက်ထားသည့် Lhasa Gonggar လေဆိပ်သည် ၂၀၂၅ ခုနှစ်အရောက်တွင် ခရီးသည်ပေါင်း ၉ သန်းနှင့်...
ချန်ရှား၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်ရှိ နာမည်ကျော် ခရီးသွားဧည့်သည်များ လာရောက်သည့် ကျန်းကျားကျဲ့မြို့တွင် COVID-19 ရောဂါအစုလိုက်ကူးစက်မှုကို ဖြတ်တောက်ရန် အားလုံးလွှမ်းခြုံသော nucleic acid စစ်ဆေးမှု ဒုတိယအကျော့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းမြို့ရှိ ဒေသခံများအားလုံးကို လွှမ်းခြုံထားသော လူအများအပြား...
ဝူဟန့်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) COVID-19 တဖန်ပြန်လည်ဖြစ်ပွားမှုအား ထိရောက်စွာ တားဆီးကာကွယ်ရန် တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန့်မြို့၌ ပြည်သူ ၁၁.၂၃ သန်း ကျော်အား နျူကလစ်အက်ဆစ် စစ်ဆေးခြင်းအား ပြီးခဲ့သည့် သောကြာနေ့က အပြီးပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။ ထိုအထဲမှ ပြည်သူ ၁၀.၈၄ သန်း၏ နမူနာများရလဒ်များထွက်ရှိခဲ့ပြီးဖြစ်သည်။...
ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ယခုနှစ်မိုးရာသီအတွင်း နိုင်ငံတစ်ဝှမ်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေကြီးနှင့် ပင်လယ်ရေမြင့်တက်ခြင်းတို့ကြောင့် ဇူလိုင်လကုန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ မိုးသီးနှံဧက ၇၀,၀၀၀ ကျော် ရေကြီးနစ်မြုပ်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ဆင်ဟွာသို့ ယနေ့ သြဂုတ် ၉...
ဂျကာတာ ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံရှိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း(HSR) အမှတ် ၁၀ ဥမင်လိုဏ်ခေါင်းသည် ပြီးစီးသွားပြီ ဖြစ်ကြောင်း ရထားလမ်း လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီက ဩဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။