Connect with us

Media

ဝူဟန့်မြို့တွင် COVID-19 ကူးစက်မှုထပ်မံပေါ်ပေါက်ခဲ့ခြင်းကြောင့် နျူကလစ်အက်ဆစ် နမူနာပေါင်း ၁၀ သန်းအား ၄ ရက်အတွင်းအပြီးစစ်

ဝူဟန့်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

COVID-19 တဖန်ပြန်လည်ဖြစ်ပွားမှုအား ထိရောက်စွာ တားဆီးကာကွယ်ရန် တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန့်မြို့၌ ပြည်သူ ၁၁.၂၃ သန်း ကျော်အား နျူကလစ်အက်ဆစ် စစ်ဆေးခြင်းအား ပြီးခဲ့သည့် သောကြာနေ့က အပြီးပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။ ထိုအထဲမှ ပြည်သူ ၁၀.၈၄ သန်း၏ နမူနာများရလဒ်များထွက်ရှိခဲ့ပြီးဖြစ်သည်။

ဝူဟန့်မြို့တွင် ပြီးခဲ့သည့် သြဂုတ် ၄ ရက်မှ စတင်ကာ မြို့လုံးကျွတ် စစ်ဆေးရေးလုပ်ဆောင်ချက်အား စတင်ခဲ့သည်။သောကြာနေ့တွင် ရပ်ကွက်ပေါင်း ၁၅၇ ခုအား တင်းကြပ်စွာ စောင့်ကြည့် ကန့်သတ်မှုများပြုလုပ်ထားပြီး ဖြစ်သည်။

ဝူဟန့်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ ဒုတိယ အထွေထွေအတွင်းရေးမှူး Li Tao က “ကျွန်တော်တို့မြို့ ကပြည်သူတွေရဲ့ ကျန်းမာရေးနှင့်လုံခြုံမှုအာမခံချက်ရှိစေဖို့ COVID-19 ကူးစက်မှုများနှင့် လက္ခဏာမပြဘဲ ကူးစက်ခံရမှုများ ကို စစ်ဆေးနိုင်ပြီး ဗိုင်းရပ်စ်ကို ဗျူဟာကျကျ တိုက်ထုတ်နိုင်ဖို့ အလုံးစုံပါဝင်တဲ့ စစ်ဆေးမှုလုပ်ဆောင်ချက်ကို တစ်မြို့လုံးမှာလုပ်ဆောင်သွားမှာဖြစ် ပါတယ်” ဟုဆိုသည်။

ရပ်ကွက် အတွင်းတာဝန်ရှိသူ ဝမ်ချန်းက “ ကျွန်မတို့အခုလက်ရှိ ဒေသခံ ၃ ပုံ ၁ပုံကို စစ်ဆေးခဲ့ပြီးပါပြီ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာက လူဦးရေတော်တော်များလို့လေ၊ အခုလက်ရှိတော့ လူ ၅,၀၀၀ ကျော်ကို စစ်ဆေးခဲ့ပြီးပါပြီ” ဟုဆိုသည်။

စေတနာ့ဝန်ထမ်း Meng Xiang က “ ကျွန်တော်တို့ ဒီကိုမနက် ၈ နာရီလောက်က ရောက်လာတာပါ၊ ကျွန်တော်က သူတို့ညွှန်ကြားသမျှလုပ်ဆောင်ဖို့နဲ့ ဒီနေရာကိုဆေးဖြန်းဖို့တာဝန်ယူထားပါတယ်”ဟုဆိုသည်။

ဒေသခံတစ်ဦးက “ကျွန်မတို့ ကို မနက် ၄ နာရီလောက်မှာ အဖွဲ့အစည်းတာဝန်ရှိသူက ဒီနေ့nucleic acid စစ်ဆေးမယ်ဆိုပြီးအကြောင်းကြားလာတာပါ ၊ အားလုံးကလည်းစည်းစည်းလုံးလုံးနဲ့ ဝိုင်းလုပ်ခဲ့ကြတာပါ” ဟုဆိုသည်။

ပူပြင်းလှသည့်ရာသီဥတု၌ပင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ကူညီလုပ်ဆောင်သူများမှာ အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ဒေသခံများက အပူဒဏ်ခံနိုင်ရည်ရှိစေမည့်အစားအသောက်မျိုးစုံကိုထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဒေသခံတစ်ဦး” ကျွန်မအခုပဲ နမူနာပေးခဲ့ပြီးပါပြီ၊ နေရတာလည်းအဆင်ပြေပါတယ်၊ ရာသီဥတု ပူပြင်းတဲ့ကြားထဲကမှ အခုလိုကူညီပေးတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ နဲ့ ရပ်ကွက်အတွင်းက ကူညီလုပ်ဆောင်သူများအားလုံးကို တကယ်ပဲ ကျေးဇူးတင်ပါတယ်” ဟုဆိုသည်။

ထို့အပြင် ကူးစက်ခံရမှု အသင့်အတင့်ရှိသည့် Zhuankou လမ်းအနီးရှိ super market ၌ လော့ဒေါင်းချထားသောရပ်ကွက်များအတွက်သီးသန့်ရောင်းချပေးလျက်ရှိသည်။
Supermarket မှ တာဝန်ခံ က “ကျွန်မတို့ဝန်ထမ်း ၉၈ ရာခိုင်နှုန်းကျော်ကို နျူကလစ်အက်ဆစ် စစ်ဆေးပြီးဖြစ်ပြီး အချို့ကတော့ စစ်ဆေးဖို့ စာရင်းပေးသွင်းစောင့်ဆိုင်းထားပါတယ်၊ မကြာသေးမီက ကျွန်မတို့ဟာ ရပ်ကွက်တွေက မှာယူတဲ့ အသား၊ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေကို ရောင်းချပေးဖြစ်ပါတယ်၊ ကျွန်မ တို့ supermarket ကို ဖွင့်ကတည်းက ကပ်ရောဂါ တိုက်ဖျက်တဲ့အခါမှာအကူအညီပေးပြီး ဒေသခံတွေလိုအပ်တာတွေရောင်းချပေးဖို့ အာမခံထားပါတယ်” ဟု ဆိုသည်။

ဝူဟန့်မြို့ခံများက အသစ်ထပ်မံပြုလုပ်သည့် မြို့လုံးကျွတ် နျူကလစ်အက်ဆစ်စစ်ဆေးမှုတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။မြို့ခံအများစုမှာ ပြန်လည်ဖြစ်ပွား သည့် COVID-19 ကို လျှင်မြန်စွာ တိုက်ဖျက်မှုအပေါ်ယုံကြည်ချက်ရှိကြောင်း ဖော်ပြကြသည်။

ဒေသခံတစ်ဦး”ကျွန်မတို့ နျူကလစ်အက်ဆစ် စစ်ဆေးလို့ပြီးပါပြီ၊ နောက်ပြီးထိန်းချုပ်မှုအစီအစဉ်တွေကလည်း သိပ်ကောင်းပါတယ်၊ Zhuankou လမ်း ကိုလည်း လော့ဒေါင်းသတ်မှတ်လိုက်တော့ ကျွန်မတို့အဖို့တော်တော် ဘေးကင်းလုံခြုံစေပါတယ်” ဟုဆိုသည်။

စေတနာ့ဝန်ထမ်းတစ်ဦးက”ဝူဟန့်မြို့မှာ လူအများကြီးရှိပါတယ်။ အခုလိုလုပ်ဆောင်တာဟာ ထိရောက်မှုရှိတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟုဆိုသည်။ဒေသခံတစ်ဦးက “ဒီလိုမျိုးစစ်ဆေးတဲ့လုပ်ဆောင်မှုဟာ အချိန်ကိုက်ဖြစ်ပြီးတော့ လူတိုင်းအတွက် အာမခံချက်ရှိစေပါတယ်။” ဟုဆိုသည်။

ဒေသခံတစ်ဦးက “ကျွန်မကတော့ဝူဟန့်ကိုကျေးဇူးတင်ပါတယ်။ ဝူဟန့်မြို့ရဲ့ လုပ်ဆောင်နိုင်မှုအရှိန်ဟာသိပ်မြန်ပါတယ်” ဟုဆိုသည်။စေတနာ့ဝန်ထမ်းတစ်ဦးက “အားလုံးအတူတကွလုပ်ဆောင်မယ်ဆိုရင်ကပ်ရောဂါကိုကာကွယ်ထိန်းချုပ်နိုင်မယ် နောက်ပြီး ဒီကပ်ရောဂါအခက်အခဲကြီးကိုအတူတကွကျော်ဖြတ်နိုင်မယ်ဆို တာ ကျွန်မယုံကြည်ပါတယ်” ဟု ဆိုသည်။

ဝူဟန့်မြို့၌ ပြီးခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း ပြည်တွင်းကူးစက်မှုအသစ်လုံးမရှိခဲ့ဘဲ ယခု သြဂုတ်လ ၂ ရက်က COVID-19 ကူးစက်ခံရမှု အသစ် ၇ ဦး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဟူပေပြည်နယ်တွင် ပြီးခဲ့သည့်သောကြာနေ့က COVID-19 အသစ်ကူးစက်ခံရမှု ၉ ဦး နှင့် လက္ခဏာမပြဘဲ ကူးစက်ခံရသူ ၁၅ ဦးတွေ့ရှိခဲ့ကြောင်း ပြည်နယ် ကျန်းမာရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့ကြောင်းသိရသည်။ (Xinhua)

…………………
(English Version)

GLOBALink | Wuhan tries to contain COVID-19 resurgence with over 10 mln samples tested in 4 days

WUHAN, Hubei, Aug. 8 (Xinhua) — To promptly contain the latest COVID-19 resurgence, central China’s Wuhan has collected over 11.23 million samples for nucleic acid testing by Friday. The results from over 10.84 million samples are available.

The city launched a new, all-inclusive testing drive on Aug. 4.By Friday, the city had put 157 residential communities under closed-loop management.

The city had not reported locally transmitted cases for over a year until seven people tested positive for COVID-19 on Aug. 2.
Hubei Province reported nine new locally transmitted confirmed COVID-19 cases and 15 asymptomatic ones on Friday, the provincial health commission said Saturday.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.