ပေကျင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံသည် ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ် မရှုံးမီ တပ်ရင်း ၇၃၁ မှ ဗိုလ်မှူး ရှီယို အစ်ရှီအိ သည် တပ်အတွင်းစမ်းသပ်မှုပြုလုပ်ခဲ့သည့်ပစ္စည်းများအားမီးရှို့ဖောက်ခွဲပစ်ရန် နှင့် လူသားမဆန်စွာ ရက်ရက်စက်စက်ကျူးလွန်ခဲ့သည့် လုပ်ရပ်များအားဖုံးဖိရန်အလို့ငှာ စမ်းသပ်ခံရသူများအား သတ်ဖြတ်ရန်ညွှန်ကြားခဲ့သည်။ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန...
ရောမ၊ ဇွန် ၃ ရက် (ဆင်ဟွာ) စိုက်ပျိုးရေးစနစ်များအား ဖျက်ဆီးနိုင်သော သီးနှံဖျက်ပိုးမွှားများ၏ သက်ရောက်မှုများက ရာသီဥတုပြောင်းလဲခြင်းကြောင့် ပိုမိုစိုးရိမ်ဖွယ် ဖြစ်လာကြောင်း ရောမမြို့အခြေစိုက် ကုလသမဂ္ဂ (UN) စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က မေ ၂ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
ပေကျင်း၊ ဇွန် ၃ ရက်(ဆင်ဟွာ) အီရန် ရေတပ် စစ်သင်္ဘော Khargသည် ဇွန် ၂ ရက်က မီးလောင်နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
နယူးယောက်၊ ဇွန် ၃ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ ထုတ်လုပ်ခဲ့သည့် CoronaVac COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ပြီးခဲ့သည့်အင်္ဂါနေ့က ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ ဇွန်၊ ၃ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းသို့ ဇွန် ၅ ရက်မှ ၆ ရက်အတွင်း ဝင်ရောက်မည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးမုတ်သုံဝင်ရောက်ကာ မိုးရာသီရောက်ပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ဇွန် ၃ ရက်တွင်ပြောသည်။