Connect with us

Media

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တရုတ်နိုင်ငံထုတ် Sinovac COVID-19 အား အရေးပေါ်အသုံးပြုရန်ခွင့်ပြု

နယူးယောက်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ ထုတ်လုပ်ခဲ့သည့် CoronaVac COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ပြီးခဲ့သည့်အင်္ဂါနေ့က ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။ပြီးခဲ့သည့်လက WHO မှ အရေးပေါ်အသုံးပြုရန်ခွင့်ပြုပေးခဲ့ သည့် Sinopharm ကာကွယ်ဆေးအမျိုးအစား ကဲ့သို့ CoronaVac COVID-19 သည် ပေကျင်းမြို့အခြေစိုက် Sinovac Life Sciences Co., Ltd. မှ ထုတ်လုပ်သည့် inactivated အမျိုးအစား ဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများထဲတွင် WHO မှ ဒုတိယမြောက် အရေးပေါ်အသုံးပြုခွင့်ပေးသည့် ကာကွယ်ဆေး ဖြစ်သည်။ Sinovac ကာကွယ်ဆေးအား အသက် ၁၈ နှစ်နှင့်အထက် ရှိသူများထိုးနှံရန် နှင့် ဆေးနှစ်ကြိမ်အား ၂ ပတ်မှ ၄ ပတ်ခြားကာထိုးနှံရန်ညွှန်ကြားထားသည်။

WHO မှ ညွှန်ကြား‌ရေးမှူးချုပ် တက်ဒရော့ က “ Sinovac CoronaVac ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့ WHO က အရေးပေါ်အသုံးပြုနိုင်သည့်ဆေးဝါး (EUL) အဖြစ် ခွင့်ပြုပေးလိုက်တဲ့အကြောင်းဝမ်းမြောက်စွာ ကြေညာပါတယ်၊ အဲဒီဆေးဟာဆိုရင် သတ်မှတ်ထားတဲ့ နှစ်ကြိမ် ထိုးနှံပြီးပါက ဘေးကင်းတယ်၊ ထိရောက်မှုရှိတယ်၊ အရည်အသွေးပြည့်မီတယ်ဆိုတာကို လေ့လာတွေ့ရှိရတာကြောင့်ပါ။ ဒါ့အပြင် Sinovac CoronaVac ကာကွယ်ဆေးကို အလွယ်တကူသိမ်းဆည်းနိုင်တာကြောင့် အထောက်အပံ့ ပစ္စည်းကိရိယာ နည်းပါးတဲ့ ဒေသများအတွက်ပါ သင့်တော်ပါတယ်။” ဟုဆိုသည်။
တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံများတွင်အရေးပေါ်လိုအပ်ချက်များအားဖြည့်ဆည်းရန် WHO မှ ဦးဆောင်ကာ စီစဉ်သည့် COVAX နိုင်ငံတကာ COVID-19 ကာကွယ်ဆေးထိုးနှံရေးအစီအစဉ် သို့ COVID-19 ကာကွယ်ဆေး အလုံးရေ ၁၀ သန်းလှူဒါန်းမည်ဖြစ်ပြီး ၎င်းမှာ ကာကွယ်ဆေးများအား တစ်ကမ္ဘာလုံးအကျိုးဖြစ်ထွန်းစေရန် ထုတ်လုပ်မည့် တရုတ်နိုင်ငံ၏ ကတိကဝတ်အား ပံ့ပိုးသောခိုင်မာသည့်ခြေလှမ်းတစ်ရပ်ဖြစ်လာသည်။ (Xinhua)
………………………………………………
GLOBALink | WHO approves China’s Sinovac COVID-19 vaccine for emergency use
The World Health Organization (WHO) has approved the CoronaVac COVID-19 vaccine developed by Chinese pharmaceutical company Sinovac for emergency use.

The vaccine, developed by Sinovac Life Sciences Co., Ltd. based in Beijing, is an inactivated type, like China’s Sinopharm vaccine, which was approved last month for WHO emergency use.

China has already decided to provide 10 million COVID-19 vaccine doses to the COVAX initiative to meet the urgent needs of developing countries, a concrete step to deliver on its promise to make its vaccines a global public good.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.