Connect with us

Environment, Disasters & Accidents

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းသို့ ဇွန် ၅ ရက်မှ ၆ ရက်အတွင်း ဝင်ရောက်၍ တစ်နိုင်ငံလုံး မုတ်သုံဝင်ရောက်မည်ဖြစ်

မိုးလေဝသခန့်မှန်းချက်ပြ မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇွန်၊ ၃ ရက် (ဆင်ဟွာ)

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းသို့ ဇွန် ၅ ရက်မှ ၆ ရက်အတွင်း ဝင်ရောက်မည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးမုတ်သုံဝင်ရောက်ကာ မိုးရာသီရောက်ပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ဇွန် ၃ ရက်တွင်ပြောသည်။ဦးလှထွန်းက မုတ်သုံက မြန်မာနိုင်ငံ တောင်ပိုင်းကို မေ ၂၁ ရက် မှာ စတင်ဝင်ရောက်တယ်။ မြစ်ဝကျွန်းပေါ်ကို မေ၂၅ရက်မှာဝင်ရောက်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းကို မေ ၃၁ ရက်မှာ ဝင်ရောက်ခဲ့တယ်။အခုမြောက်ပိုင်းကို ဇွန် ၅ ရက်က ၆ ရက်အတွင်း ဝင်ရင်တော့ တစ်နိုင်ငံလုံး မှာ မုတ်သုံဝင်ရောက်ပြီး မိုးရာသီရောက်ပြီလို့ ပြောလို့ရပါပြီ ဟုပြောသည်။

လက်ရှိမုတ်သုံ ဝင်စ အချိန် မိုးဦးရာသီဖြစ်၍ မိုးနည်းသေးကြောင်း၊ ဇွန် ၆ ရက်မှ ၈ ရက်အတွင်း မုတ်သုံ အားကောင်းနိုင်သည့် အနေအထားရှိကြောင်းဆိုသည်။

မနှစ်ကနဲ့ယှဉ်ရင် ၂၀၂၁ ခုနှစ် မိုးရာသီက မိုးနည်းနည်းပိုကောင်းနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ပိုတိတိကျကျ ပြောရရင် မုတ်သုံအသင့်အတင့်ရှိနိုင်တဲ့နှစ်တစ်နှစ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်။ ဟု၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံ၌ မိုးရာသီအား မုတ်သုံစတင်ဝင်ရောက်သည့်နေ့မှ ဇွန်လ ကုန်အထိ မိုးဦးကာလ၊ ဇူလိုင် ၁ ရက် မှ သြဂုတ်လကုန်အထိ မိုးလယ်ကာလဖြစ်ပြီး၊ စက်တင်ဘာ ၁ ရက်မှ မုတ်သုံထွက်သည့် အချိန်အထိ မိုးနှောင်းကာလဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။

နောက်(၂)ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိနိုင်ကြောင်း သိရသည်။ (Xinhua)