Connect with us

Asia

အီရန် ရေတပ်စစ်သင်္ဘော မီးလောင်နစ်မြုပ်မှု ဖြစ်ပွား

အီရန်ရေတပ် ထောက်ပို့ စစ်သင်္ဘော"Khark"(431)နှင့် ကင်းလှည့်ဖရီးဂိတ် စစ်ရေယာဉ်"Alwand"တို့ ဆီးရီးယားနိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းသို့ ရောက်ရှိနေသည်ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၃ ရက်(ဆင်ဟွာ)

အီရန် ရေတပ် စစ်သင်္ဘော Khargသည် ဇွန် ၂ ရက်က မီးလောင်နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။Khargသည် အီရန်နိုင်ငံတောင်ပိုင်း အိုမန်ပင်လယ်ကွေ့ Jaskဆိပ်ကမ်းအနီး ရေပြင်တွင် နစ်မြုတ်ခဲ့ကြောင်း အစ္စလာမ်မစ်သတင်းအေဂျင်စီ(IRNA)၏ သတင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါ စစ်သင်္ဘောသည် ဇွန် ၁ ရက်တွင် မီးပြင်းပြင်းထန်ထန်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ (၂၆)နာရီကြာ မီးငြှိမ်းသတ်ခဲ့သော်လည်း သင်္ဘောနစ်မြုပ်သွားခဲ့ရကြောင်း သိရသည်။

သင်္ဘောအင်ဂျင်ခန်းတွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး သင်္ဘောပေါ်က ပြုပြင်ရေးဝန်ထမ်းများနှင့်အနီးသင်္ဘောရှိ စစ်သားများ၊အရပ်သားသင်္ဘောသားများက အတူတကွမီးငြှိမ်းသတ်ပေးခဲ့သော်လည်း မီးမထိန်းနိုင်ဘဲ သင်္ဘောတစ်စင်းလုံး မီးလောင်မြိုက်သွားခဲ့ကြောင်း အီရန်သတင်းရုပ်သံက ရေတပ်ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

အဆိုပါပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သင်္ဘောပေါ်ရှိ အမှုထမ်းများနှင့်သင်တန်းသား (၄၀၀)သည် သင်္ဘောမနစ်မြုပ်မီ ထွက်ခွါနိုင်ခဲ့ကြောင်း၊ လူ(၂၀)ခန့်သာ ဒဏ်ရာရအနည်းငယ်ရရှိကြောင်းနှင့် မီးလောင်သည့် အကြောင်းရင်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

Khargစစ်သင်္ဘောသည် စုစုပေါင်းအရှည် (၂၀၀)မီတာကျော်ရှိပြီး ၁၉၇၆ ခုနှစ်က ဗြိတိန်မှ ဝယ်ယူထားခြင်းဖြစ်သည်။ ၁၉၇၉ ခုနှစ် အီရန်အစ္စလာမ်မစ်တော်လှန်ရေး ဖြစ်ပွားပြီးနောက် အီရန်နှင့်အနောက်နိုင်ငံများအကြား ဆက်ဆံရေးဆိုးဝါးလာခြင်းကြောင့် ၁၉၈၄ ခုနှစ်မှသာ စစ်သင်္ဘောကို လွှဲပြောင်းပေးခဲ့ရာ ရေတပ်ထောက်ပို့ရေးနှင့်လေ့ကျင့်ရေးအတွက် အသုံးပြုကြောင်း သိရသည်။

Makranစစ်သင်္ဘော တပ်တော်မဝင်မီ Khargသည် အီရန်ရေတပ်၏ အကြီးဆုံး စစ်သင်္ဘောဖြစ်သည်။Makranက အီရန်ရေတပ်အတွက် အဓိပ်ပါယျလေးနကျကွောငျး ကာကွယ်ရေးကဏ္ဍ ပညာရှင်၏ပြောကြားချက်ကို ကိုးကား၍ AFPက ဖော်ပြထားသည်။ ယခုနှစ် ဇန်နဝါရီလတွင် တပ်တော်ဝင်ခဲ့သည့် Makranသည် ရေနံတင်သင်္ဘောကို ပုံပြောင်းထားခြင်း ဖြစ်သည်။ ၎င်းသည် စစ်ရဟတ်ယာဉ်စသည့် ရဟတ်ယာဉ်အမျိုးအစားများနှင့် မောင်းသူမဲ့ဒရုန်းယာဉ်၊ hovercraftရေယာဉ်တို့ကို တင်ဆောင်နိုင်ရာ ရေတပ် ပင်လယ်ခရီးဝေး တာဝန်ထမ်းဆောင်ရန် အထောက်အပံ့ဖြစ်စေကြောင်း အီရန်က ဆိုသည်။

Jaskဆိပ်ကမ်းသည် ဟောမုဇ်ရေလက်ကြားနှင့် အလှမ်းမဝေးခြင်းကြောင့် အရေးကြီးသည့်မဟာဗျူဟာကျသောနေရာတွင်တည်ရှိရာ အီရန်က ရေနံစိမ်းတင်ပို့မှုပလက်ဖောင်းသစ်တစ်ခု တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။

ယခုနှစ် ဧပြီလတွင် Savizအီရန်ကုန်သင်္ဘော ဂျီဘူတီနိုင်ငံအနီး ပင်လယ်နီတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သင်္ဘောပျက်စီးပြီး သေဆုံးထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ အီရန်၏ပြောကြားချက်အရ Savizကုန်သင်္ဘောသည် အီရန်၏ ပင်လယ်နီ ထောက်ပံ့ရေးအတွက်ဖြစ်ပြီး ပင်လယ်ပြင်လုံခြုံရေး၊ ပင်လယ်ဓါးပြတိုက်ဖျက်ရေးအတွက် နည်းပညာနှင့်ထောက်ပို့ရေးအတွက် ပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကုန်သင်္ဘောကို အစ္စရေးက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ တိုက်ခိုက်မှုမပြုမီ အမေရိကန်ဘက်သို့ အကြောင်းကြားခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းတွင် ဖော်ပြခဲ့သည်။ အစ္စရေးဘက်က ယင်းပြောကြားချက်ကို ငြင်းဆိုမှုမရှိသော်လည်း အီရန်ကုန်သင်္ဘော ဖောက်ခွဲမှုနှင့်စပ်လျဉ်း၍ တိုက်ရိုက်တုန့်ပြန်ဖြေကြားမှုမရှိခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————
(Chinese Version)

伊朗海军军舰着火沉没

新华社北京6月3日电(记者惠晓霜)伊朗海军军舰“哈尔克”号2日因火灾沉没。
伊朗伊斯兰共和国通讯社在一则简短报道中说,“哈尔克”号在伊朗南部阿曼湾的贾斯克港口附近水域沉没。
报道说,这艘军舰1日着火,火势猛烈。消防人员扑救26小时没有扑灭,军舰最终沉没。伊朗国家电视台播放的画面显示,海平面上浓烟冲天。

伊朗新闻电视台援引海军发言人的话报道,起火点在发动机舱,舰上损管人员及附近船只上的军人和平民船员共同扑救,但火势逐渐失控,吞没整艘军舰。

这名发言人说,舰上400名舰员和受训人员在军舰沉没前撤离,仅20人受轻伤,起火原因仍在调查。
“哈尔克”号全长超过200米,1976年从英国订购。1979年伊朗伊斯兰革命爆发后伊朗与西方交恶,这艘舰1984年才交付,随后用于伊朗海军后勤补给和训练任务。

伊朗新闻电视台报道,在“莫克兰”号后勤舰服役前,“哈尔克”号一直是伊朗海军最大军舰。法新社援引防务专家的话报道,“哈尔克”号对伊朗海军而言有重要意义。

“莫克兰”号后勤舰今年1月服役,由油轮改装而成。伊朗方面说,它可搭载武装直升机等多种直升机及无人机和气垫船,为海军在远海执行任务提供支持。

贾斯克港距离霍尔木兹海峡不远,战略位置重要,伊朗打算把它建设成新的原油出口终端。
今年4月,伊朗“友谊”号货轮在吉布提附近红海海域爆炸,船体受损,没有人员伤亡。根据伊朗方面说法,“友谊”号货轮是伊朗在红海海域的“后勤站”,为保障海上安全、打击海盗活动等提供技术和后勤支持。

美国《纽约时报》报道,伊朗货轮爆炸系以色列袭击所致,以方在行动前通知了美方。以方没有否认这一报道,也没有正面回应伊朗货轮爆炸一事。

2011年2月24日,两艘伊朗军舰“哈尔克”号(431)补给支援舰和“阿勒万德”号巡逻护卫舰抵达叙利亚北部拉塔基亚港。(新华社发)