ပေကျင်း၊ ဇွန် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆီးရီးယားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသော ဘာရှာ အယ်လ်-အာဆတ် (Bashar al-Assad) ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင် မေ ၃၁ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ The Wall Street Journal က “ရုရှား နိုင်ငံ သည် တိရစ္ဆာန်များ အတွက် COVID-19 ရောဂါ ကာကွယ်ဆေး တီထွင်ထုတ်လုပ်” ဟူသည့် သတင်းဆောင်းပါးတစ်ပုဒ် ရေးသားဖော်ပြခဲ့သည်။
ပေကျင်း၊ ဇွန် ၁ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) သမိုင်းကြောင်းကို ပြည်သူများ ပိုမိုသိရှိနိုင်စေရန် ခရီးသွားဧည့်သည်များအတွက် ထိပ်တန်းလမ်းကြောင်း ၁၀၀ ကို မေ ၃၁ ရက်က ထုတ်ပြန်လိုက်ကြောင်း ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။
တီဟီရန်၊ ဇွန် ၁ ရက်(ဆင်ဟွာ) ဩစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာ၌ ကျင်းပသည့် အီရန်နျူကလီးယားဘက်စုံသဘောတူညီချက် တွေ့ဆုံဆွေးနွေးမှုတွင် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိသော်လည်း သော့ချက်ကျသည့် ပြသာနာများစွာကို ဖြေရှင်းရန်လိုအပ်နေဆဲဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Saeed Khatibzadehက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ The Wall Street Journal ၏ လတ်တလောရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည့် ဆောင်းပါးတွင် တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးအား ပိုမိုလျှင်မြန်စွာ ထိုးနှံပေးခြင်း သည် အာရှစီးပွားရေး ပြန်လည်ကောင်းမွန်စေရေးကို ပိုမိုမြန်ဆန်စေကြောင်း ရေးသားဖော်ပြခဲ့သည်။