Connect with us

Europe

အီရန်နျူကလီးယားအရေး ဆွေးနွေးမှု တိုးတက်မှုများရရှိခဲ့သော်လည်း သော့ချက်ကျသည့် ပြသာနာများကို ဖြေရှင်းရန်လိုအပ်နေဆဲဖြစ်

တီဟီရန်၊ ဇွန် ၁ ရက်(ဆင်ဟွာ)

ဩစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာ၌ ကျင်းပသည့် အီရန်နျူကလီးယားဘက်စုံသဘောတူညီချက် တွေ့ဆုံဆွေးနွေးမှုတွင် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိသော်လည်း သော့ချက်ကျသည့် ပြသာနာများစွာကို ဖြေရှင်းရန်လိုအပ်နေဆဲဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Saeed Khatibzadehက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။ဆွေးနွေးမှုသည် တင်းမာရပ်တန့်နေသည့်အခြေအနေမရှိကြောင်း၊ သော့ချက်ကျသည့် ပြသာနာများကို ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း Saeed Khatibzadehက ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အီရန်အနေဖြင့် သဘောတူညီချက်ရဖို့ အလောသုံးဆယ်မရှိသလို ဆွေးနွေးမှုအပေါ် ထိခိုက်မှုရှိစေမည်မဟုတ်ကြောင်း ၊ လက်ရှိအမေရိကန်အစိုးရအနေဖြင့် ယခင်အစိုးရက အီရန်အပေါ်ထားရှိသည့် မူဝါဒများကို နောက်ဆုံး ဆုံးဖြတ်မှုပြုလုပ်ရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီရန်နှင့်အမေရိကန်အကြား ထိန်းသိမ်းထားသူများကို လဲလှယ်ရန် သတင်းနှင့်စပ်လျဉ်း၍ Saeed Khatibzadehက နျူကလီးယားအရေးတွေ့ဆုံဆွေးနွေးမှုနှင့် ထိန်းသိမ်းထားသူများ အလဲအလှယ်လုပ်ရန် ကိစ္စသည် ဆက်စပ်မှုရှိသည်ဟု မယူဆကြောင်း ဆိုသည်။ ထိုမတိုင်မီ အီရန်မီဒီယာများက အမေရိကန်နှင့် ထိန်းသိမ်းထားသူများကို လဲလှယ်ဖို့ အီရန်က အဆင်သင့်ပြင်ထားပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အီရန်နှင့် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ ဂျာမနီနိုင်ငံတို့ အီရန်နျူကလီးယားသဘောတူညီချက် ရရှိခဲ့သည်။ သဘောတူညီချက်အရ အီရန်သည် ၎င်း၏နျူကလီးယားအစီအစဉ်ကို အကန့်အသတ်ဖြင့်ဆောင်ရွက်မည်ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းက အီရန်အပေါ်ထားရှိသည့် ပိတ်ဆို့မှုများကို ဖယ်ရှားပေးရမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် မေလတွင် အီရန်နျူကလီးယားသဘောတူညီချက်မှ အမေရိကန် တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီး ပိတ်ဆို့မှုများနှင့်ထပ်တိုးပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့သည်။ ၂၀၁၉ ခုနှစ် မေလမှစ၍ အီရန်သည် သဘောတူညီချက်အပါအကြောင်းအရာတစ်ချို့၏လိုက်နာမှုကို ရပ်ဆိုင်းခဲ့သော်လည်း အခြေအနေ အပြောင်းအလဲဖြစ်နိုင်သေးသည်ဟု ဆိုခဲ့သည်။ သဘောတူညီချက်များ အမေရိကန်-အီရန် နှစ်နိုင်ငံအကြား ပြန်လည်သက်ဝင်စေရန် အီရန်နျူကလီးယားသဘောတူညီချက်ပါ သက်ဆိုင်ရာဘက်ပေါင်းစုံက ယခုနှစ် ဧပြီလမှစ၍ ဗီယင်နာတွင် ဆွေးနွေးပွဲများ ကျင်းပခဲ့ခြင်း ဖြစ်သည်။ (Xinhua)

——————————————————
(Chinese Version)

(国际)伊朗外交部:伊核谈判取得重大进展 关键问题仍待解决

新华社德黑兰5月31日电(记者王守宝 高文成)伊朗外交部发言人哈提卜扎德5月31日表示,正在奥地利首都维也纳举行的伊朗核问题全面协议相关方会议取得重大进展,但仍有许多关键问题有待解决。

哈提卜扎德当天在例行记者会上说,谈判“没有陷入僵局”,正在讨论关键问题。他表示,伊朗方面不急于达成协议,也不会让谈判受到影响。他敦促美国现政府就上一届政府的对伊政策作出最终决定。

就有关伊朗和美国之间交换在押人员的报道,哈提卜扎德说,伊朗不认为伊核谈判与交换在押人员之间存在任何关系。伊朗媒体此前报道说,伊朗已准备好和美国无条件交换在押人员。

2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊核协议。根据协议,伊朗承诺限制其核计划,以换取国际社会解除对伊制裁。2018年5月,美国政府单方面退出伊核协议,随后重启并新增一系列对伊制裁措施。2019年5月以来,伊朗逐步中止履行伊核协议部分条款,但承诺所采取的措施“可逆”。为讨论美伊两国恢复履约问题,伊核协议相关方今年4月初开始在维也纳举行了多轮会谈。(完)
图说1:4月9日,警察在奥地利维也纳伊朗核问题全面协议会场外执勤。 新华社记者 郭晨 摄