Connect with us

Economy

တရုတ်နိုင်ငံတွင် ကာကွယ်ဆေး လျှင်မြန်စွာ ထိုးနှံပေးခြင်းသည် အာရှစီးပွားရေး ပြန်လည်ကောင်းမွန်စေရေးအတွက် ပိုမိုမြန်ဆန်စေကြောင်း အမေရိကန် သတင်းမီဒီယာ ဖော်ပြ

ပေကျင်း ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ The Wall Street Journal ၏ လတ်တလောရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည့် ဆောင်းပါးတွင် တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးအား ပိုမိုလျှင်မြန်စွာ ထိုးနှံပေးခြင်း သည် အာရှစီးပွားရေး ပြန်လည်ကောင်းမွန်စေရေးကို ပိုမိုမြန်ဆန်စေကြောင်း ရေးသားဖော်ပြခဲ့သည်။

ဆောင်းပါးတွင် လက်ရှိချိန်၌ တရုတ်နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းက လျှင်မြန်စွာ တိုးတက်မှု ရရှိနေကြောင်း ၊ မေလ ၂၈ ရက်အထိ တစ်ပတ်အတွင်း တရုတ်နိုင်ငံ၏ ကာကွယ်ဆေး ထိုးနှံပေးသည့် နှုန်းက အမေရိကန် ၊ အီးယူ သို့မဟုတ် ဗြိတိန်နိုင်ငံ မှ ဆောင်ရွက်နေသည့် ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းများအားလုံးထက်ပိုမို လျှင်မြန်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ယခုနှုန်းထားအတိုင်း ကာကွယ်ဆေးထိုးနှံပေးမှုကို ဆက်လက်ထိန်းသိမ်းထားပါက အာရှသာမက ကမ္ဘာပေါ်တွင် အသစ်ပေါ်ထွက်လာသည့် ဈေးကွက်များ၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန် အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဆောင်းပါးတွင် ကာကွယ်ဆေးထိုးနှံပေးမှု လျှင်မြန်စွာဆောင်ရွက်ခြင်းသည် အာရှဒေသ နိုင်ငံများ ခရီးသွားလာရေးဆိုင်ရာ ကန့်သတ်ချက်များအား ဖြေလျှော့ပေးရန်အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ၊ ကြားကာလဆောင်ရွက်မှုများကို ကြည့်ရှုပါက တရုတ်နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံပေးမှု လျင်မြန်စွာဆောင်ရွက်ခြင်းသည် အရှေ့တောင်အာရှ အဓိက ဒေါက်တိုင်တစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းပြန်လည်ကောင်းမွန်လာစေရန် မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)

——————————————————
(Chinese Version)

(经济)美媒:中国加快疫苗接种有望加速亚洲经济复苏

新华社北京5月31日电美国《华尔街日报》网站日前刊文说,中国加快推进新冠疫苗接种,有望加速亚洲经济复苏。
文章说,目前中国疫苗接种进展迅速。截至5月28日的一周,中国的疫苗接种速度比美国、欧盟或英国开展疫苗接种以来任何时候都快。如果中国保持现在的接种速度,将有助改善亚洲乃至全球新兴市场的经济复苏预期。

文章认为,加速疫苗接种将有助于亚洲国家放松旅行限制。从中期看,中国疫苗接种速度提升能够促进东南亚支柱产业旅游业回暖。(完)

Photo
5月19日,苗佳婷(右)在沈阳市大东区新冠疫苗接种方舱里准备给市民进行接种登记。(新华社记者杨青摄)